ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ရှောလမုန်သီချင်း ၇
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

မာတိကာ

    • ဂျေရုဆလင်မြို့သူ ရှုလမိုက် (၃:၆–၈:၄)

ရှောလမုန်သီချင်း ၇:၃

ကျမ်းညွှန်းများ

  • +သီ ၄:၅

ရှောလမုန်သီချင်း ၇:၄

ကျမ်းညွှန်းများ

  • +သီ ၁:၁၀
  • +သီ ၄:၄
  • +သီ ၄:၁
  • +တလ ၂၁:၂၅; ယရ ၂၁:၈၊ ၃၉

ရှောလမုန်သီချင်း ၇:၅

ကျမ်းညွှန်းများ

  • +ရှာ ၃၅:၂
  • +သီ ၆:၅
  • +ဧသ ၈:၁၅

ရှောလမုန်သီချင်း ၇:၇

ကျမ်းညွှန်းများ

  • +သီ ၇:၃; ၈:၁၀

ရှောလမုန်သီချင်း ၇:၁၀

ကျမ်းညွှန်းများ

  • +သီ ၂:၁၆; ၆:၃

ရှောလမုန်သီချင်း ၇:၁၁

ကျမ်းညွှန်းများ

  • +သီ ၁:၁၄

ရှောလမုန်သီချင်း ၇:၁၂

ကျမ်းညွှန်းများ

  • +သီ ၂:၁၃
  • +သီ ၆:၁၁
  • +သီ ၁:၂; ၄:၁၀

ရှောလမုန်သီချင်း ၇:၁၃

အောက်ခြေမှတ်ချက်များ

  • *

    သန္ဓေအောင်စေနိုင်တဲ့အသီးလို့ ထင်ကြပေမဲ့ တိကျတဲ့အထောက်အထား မရှိ။

ကျမ်းညွှန်းများ

  • +က ၃၀:၁၄
  • +သီ ၄:၁၆

အထွေထွေ

သီ. ၇:၃သီ ၄:၅
သီ. ၇:၄သီ ၁:၁၀
သီ. ၇:၄သီ ၄:၄
သီ. ၇:၄သီ ၄:၁
သီ. ၇:၄တလ ၂၁:၂၅; ယရ ၂၁:၈၊ ၃၉
သီ. ၇:၅ရှာ ၃၅:၂
သီ. ၇:၅သီ ၆:၅
သီ. ၇:၅ဧသ ၈:၁၅
သီ. ၇:၇သီ ၇:၃; ၈:၁၀
သီ. ၇:၁၀သီ ၂:၁၆; ၆:၃
သီ. ၇:၁၁သီ ၁:၁၄
သီ. ၇:၁၂သီ ၁:၂; ၄:၁၀
သီ. ၇:၁၂သီ ၂:၁၃
သီ. ၇:၁၂သီ ၆:၁၁
သီ. ၇:၁၃က ၃၀:၁၄
သီ. ၇:၁၃သီ ၄:၁၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ရှောလမုန်သီချင်း ၇:၁-၁၃

ရှောလမုန်သီချင်း

၇ “အို မွန်မြတ်တဲ့ မိန်းကလေး၊

ဖိနပ်စီးထားတဲ့ မင်းရဲ့ခြေထောက်တွေ လှလိုက်တာ။

ပေါင်တံတွေကလည်း

လက်မှုပညာသည် လုပ်ထားတဲ့ အလှတန်ဆာတွေလိုပဲ။

 ၂ မင်းရဲ့ချက်ဟာ လုံးဝိုင်းတဲ့ ဖလားလေးနဲ့ တူတယ်။

ဖလားထဲမှာ စပ်ထားတဲ့ စပျစ်ဝိုင်တွေ အမြဲရှိနေပါစေ။

ဝမ်းဗိုက်ဟာ နှင်းပန်းတွေခြံရံထားတဲ့

ဂျုံစပါးပုံနဲ့ တူတယ်။

 ၃ မင်းရဲ့ရင်သားဟာ

ဒရယ်အမြွှာလေး နှစ်ကောင်နဲ့ တူတယ်။+

 ၄ မင်းရဲ့လည်တိုင်ဟာ+ ဆင်စွယ်မျှော်စင်နဲ့ တူတယ်။+

မျက်လုံးလေးတွေဟာ+ ဟေရှဘုန်မြို့ရဲ့ ဗာရဗိမ်တံခါးနားက

ရေကန်တွေနဲ့ တူတယ်။+

နှာတံလေးဟာ ဒမတ်စကတ်မြို့ကို မျက်နှာမူထားတဲ့

လက်ဘနွန်မျှော်စင်နဲ့ တူတယ်။

 ၅ မင်းရဲ့ခေါင်းဟာ ကရမေလတောင်လို တင့်တယ်တယ်။+

ဆံသားဟာ+ ခရမ်းရောင် သိုးမွေးလိုပဲ။+

ခွေကျနေတဲ့ ဆံကေသာအလှကြောင့် ငါအရှင်မင်းကြီးတောင် ရုန်းမထွက်နိုင်တော့ပါလား။

 ၆ အို ချစ်ရတဲ့ မိန်းကလေး၊ မင်းဟာ သိပ်လှတာပဲ။ ချစ်စရာ သိပ်ကောင်းတာပဲ။

စွဲမက်စရာတွေထဲမှာ မင်းဟာ စွဲမက်စရာ အကောင်းဆုံးပဲ။

 ၇ မင်းရဲ့ အရပ်အမောင်းဟာ စွန်ပလွံပင်နဲ့တူတယ်။

မင်းရဲ့ရင်သားဟာ စွန်ပလွံသီးပြွတ်တွေနဲ့ တူတယ်။+

 ၈ ‘စွန်ပလွံပင်ပေါ် တက်ပြီး

စွန်ပလွံခိုင်တွေကို ကိုင်မယ်’ လို့ ငါပြောတယ်။

မင်းရဲ့ရင်သားဟာ စပျစ်ခိုင်တွေလို၊

ခံတွင်းရနံ့ဟာ ပန်းသီးရနံ့လို ဖြစ်ပါစေ။

 ၉ မင်းရဲ့ခံတွင်းဟာ အကောင်းဆုံး စပျစ်ဝိုင်လို ဖြစ်ပါစေ။”

“အဲဒီစပျစ်ဝိုင်ဟာ ကျွန်မချစ်သူအတွက် စီးဆင်းပါစေ။

အိပ်မောကျနေသူရဲ့ နှုတ်ခမ်းပေါ် အသာအယာ စီးဆင်း သွားပါစေ။

၁၀ ချစ်သူက ကျွန်မကိုပိုင်တယ်။+

ကျွန်မကိုပဲ တမ်းတနေတယ်။

၁၁ အို ကျွန်မချစ်ရတဲ့မောင်၊ လှမ်းလာခဲ့ပါ။

ကွင်းပြင်တွေဆီ သွားရအောင်။

ဒန်းပန်းတောထဲမှာ နေရအောင်။+

၁၂ စောစောထပြီး စပျစ်ခြံတွေဆီ သွားရအောင်။

စပျစ်ပင်တွေ အညွန့်ထွက်မထွက်၊

ပန်းတွေ ပွင့်မပွင့်၊+

သလဲပင်တွေ ပွင့်မပွင့် သွားကြည့်ရအောင်။+

အဲဒီကိုရောက်ရင် မောင့်ကို ချစ်ခင်ယုယပါ့မယ်။+

၁၃ အနုဆေးသီး*+ ရနံ့တွေ မွှေးကြိုင်နေပြီ။

ကျွန်မတို့ရဲ့ အိမ်ပေါက်ဝမှာ အကောင်းဆုံး သစ်သီးမျိုးစုံရှိတယ်။+

အို ကျွန်မချစ်ရတဲ့မောင်၊ အခုမှ ခူးထားတဲ့ အသီးတွေရော

ခူးပြီးသား အသီးတွေကိုပါ မောင့်အတွက် သိမ်းထားပါတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ