-
ထွက်မြောက်ရာ ၂၆:၁-၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၆ “တဲတော်အတွက်+ ရွက်ထည်ဆယ်ထည်ကို ချည်ချော၊ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်နဲ့ ရက်လုပ်ရမယ်။ ရွက်ထည်တွေမှာ ခေရုဗိမ်ပုံတွေပေါ်အောင်+ ပန်းထိုးရမယ်။+ ၂ ရွက်ထည်တစ်ထည်စီဟာ အလျား ၂၈ တောင်၊ အနံ ၄ တောင်ရှိရမယ်။ ရွက်ထည်အားလုံး အတိုင်းအတာ တူရမယ်။+ ၃ ရွက်ထည်ငါးထည်ကို တစ်ထည်တည်း ဖြစ်အောင် တွဲချုပ်ရမယ်။ နောက်ငါးထည်ကိုလည်း တစ်ထည်တည်း ဖြစ်အောင် တွဲချုပ်ရမယ်။ ၄ ကွင်းတွေကို အပြာရောင်ချည်နဲ့လုပ်ပြီး တွဲချုပ်ထားတဲ့ ရွက်ထည်တစ်ထည်ရဲ့ အနားစွန်းမှာ တပ်ရမယ်။ နောက်ရွက်ထည်ရဲ့ အနားစွန်း၊ ရွက်ထည်နှစ်ထည် ဆက်မယ့်နေရာမှာလည်း တပ်ရမယ်။ ၅ ရွက်ထည်တစ်ထည်စီရဲ့ အနားစွန်းမှာတပ်ဖို့ ကွင်း ၅၀ စီ လုပ်ရမယ်။ ရွက်ထည်နှစ်ထည် ဆက်မယ့်နေရာမှာ ကွင်းချင်းဆိုင်နေရမယ်။ ၆ ရွှေချိတ် ၅၀ ကို လုပ်ပြီး ရွက်ထည်နှစ်ထည်ကို တစ်စပ်တည်းဖြစ်အောင် ချိတ်တွေနဲ့ တွဲရမယ်။+
-