-
ထွက်မြောက်ရာ ၂၅:၁၀-၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ “အလျားနှစ်တောင်ခွဲ၊ အနံတစ်တောင်ခွဲ၊ အမြင့်တစ်တောင်ခွဲရှိတဲ့ သေတ္တာကို ရှားသားနဲ့ လုပ်ရမယ်။+ ၁၁ သေတ္တာကို ရွှေစင်နဲ့ ရွှေချရမယ်။+ အတွင်းအပြင်ကို ရွှေချပြီး သေတ္တာအပေါ်နား ပတ်လည်မှာ ရွှေအနားကွပ် လုပ်ရမယ်။+ ၁၂ ရွှေကွင်းလေးကွင်း သွန်းလုပ်ရမယ်။ သေတ္တာရဲ့ခြေလေးချောင်း အပေါ်နား၊ သေတ္တာဘေးတစ်ဖက်စီမှာ နှစ်ကွင်းစီ တပ်ရမယ်။ ၁၃ ထမ်းပိုးတွေကို ရှားသားနဲ့လုပ်၊ ရွှေချပြီးနောက်၊+ ၁၄ သေတ္တာထမ်းဖို့ သေတ္တာဘေးနှစ်ဖက်မှာရှိတဲ့ ကွင်းတွေထဲ လျှိုထားရမယ်။ ၁၅ ထမ်းပိုးတွေကို ကွင်းထဲမှာ အမြဲလျှိုထားရမယ်။ ပြန်မထုတ်ရဘူး။+
-