ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၂၇:၁-၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၇ “အလျားငါးတောင်၊ အနံငါးတောင်ရှိတဲ့ စတုရန်းပုံပူဇော်ရာပလ္လင်ကို ရှားသားနဲ့ လုပ်ရမယ်။+ အမြင့်သုံးတောင် ရှိရမယ်။+ ၂ ပူဇော်ရာပလ္လင် ထောင့်လေးထောင့်မှာ ဦးချိုအတက်တွေ+ ရှိရမယ်။ အတက်တွေက ပူဇော်ရာပလ္လင်နဲ့ တစ်ဆက်တည်း ဖြစ်နေရမယ်။ အဲဒီပလ္လင်ကို ကြေးနီနဲ့ အုပ်ရမယ်။+ ၃ ပြာကို ဖယ်ရှားဖို့ ပုံးတွေ၊ ဂေါ်ပြားတွေ၊ ဇလုံတွေ၊ ခက်ရင်းခွတွေနဲ့ မီးခဲအိုးတွေ လုပ်ရမယ်။ ပူဇော်ရာပလ္လင် အသုံးအဆောင်တွေကို ကြေးနီနဲ့ လုပ်ရမယ်။+ ၄ အဲဒီပလ္လင်အတွက် ကြေးနီဆန်ခါ လုပ်ရမယ်။ ကြေးနီကွင်းလေးကွင်း လုပ်ပြီး ထောင့်လေးထောင့်မှာ တစ်ကွင်းစီ တပ်ရမယ်။ ၅ ဆန်ခါကို ပူဇော်ရာပလ္လင်အတွင်းဘက် အနားကွပ်အောက် ရောက်တဲ့အထိ ထည့်ရမယ်။ ဆန်ခါက ပူဇော်ရာပလ္လင်အတွင်းဘက် ထက်ဝက်လောက်အထိ ရောက်သွားလိမ့်မယ်။ ၆ ပူဇော်ရာပလ္လင်အတွက် ထမ်းပိုးတွေကို ရှားသားနဲ့လုပ်ပြီး ကြေးနီနဲ့ အုပ်ရမယ်။ ၇ ထမ်းပိုးကို ကွင်းထဲ လျှိုထားရမယ်။ ပူဇော်ရာပလ္လင်ကို ထမ်းတဲ့အခါ ထမ်းပိုးတွေက အဲဒီပလ္လင်ရဲ့ ဘေးနှစ်ဖက်မှာ ရှိရမယ်။+ ၈ တောင်ပေါ်မှာ မင်းကိုပြတဲ့ပုံစံအတိုင်း ပူဇော်ရာပလ္လင်ကို သစ်သားပြားတွေနဲ့ လုပ်ရမယ်၊ ဟောင်းလောင်းဖြစ်နေတဲ့ သေတ္တာပုံစံမျိုး လုပ်ရမယ်။+

  • ထွက်မြောက်ရာ ၄၀:၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ မီးရှို့ပူဇော်ရာပလ္လင်နဲ့ ပလ္လင်အသုံးအဆောင်တွေကို ဘိသိက်ဆီ လောင်းရမယ်။ ဒီနည်းနဲ့ ပူဇော်ရာပလ္လင်ဟာ အသန့်ရှင်းဆုံး ဖြစ်လာမယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ