၈ “အာရုန်ရဲ့သားတွေကိုလည်း ခေါ်လာပြီး ဝတ်လုံရှည်တွေ ဝတ်ပေးရမယ်။+ ၉ အာရုန်နဲ့ သူ့သားတွေကို ခါးပန်းစည်းပေးရမယ်။ ပိတ်ဦးထုပ် ဆောင်းပေးရမယ်။ သူတို့က ပုရောဟိတ်တာဝန်ကို အမြဲထမ်းဆောင်ရမယ်။ ဒါဟာ အမြဲတည်တဲ့ဥပဒေပဲ။+ ဒီနည်းနဲ့ မင်းက အာရုန်နဲ့သားတွေကို ပုရောဟိတ်တွေအဖြစ် အမှုဆောင်ဖို့ ခန့်အပ်ရမယ်။+