-
ထွက်မြောက်ရာ ၉:၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ မြေတစ်ပြင်လုံးမှာ ငါ့လို ဘုရားမျိုး မရှိဘူးဆိုတာ မင်းသိစေဖို့ မင်းနဲ့ မင်းမှုထမ်းတွေ၊ လူတွေဆီ ကပ်ဘေးတွေကို ငါလွှတ်လိုက်မယ်။+
-
-
ဟေရှာယ ၄၆:၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ အတိတ်ကဖြစ်ရပ်တွေကို ပြန်သတိရကြ။
ငါဟာ ဘုရားသခင်ပဲ၊ ငါကလွဲလို့ တခြားဘုရားမရှိမှန်း သတိရကြပါ။
ငါဟာ ဘုရားသခင်ပဲ။ ငါ့လိုဘုရားမျိုး မရှိဘူး။+
-
-
ယေရမိ ၁၀:၆၊ ၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ယေဟောဝါဘုရား၊ ကိုယ်တော့်လို ဘုရားမျိုး မရှိပါဘူး။+
ကိုယ်တော်ဟာ ကြီးမြတ်ပြီး တန်ခိုးကြီးလှတယ်။ နာမတော်ကလည်း ကြီးမြတ်လှပါတယ်။
၇ လူမျိုးတို့ရဲ့ဘုရင်၊+ ကိုယ်တော့်ကို ဘယ်သူ မကြောက်ရွံ့ဘဲ နေမှာလဲ။
ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေထိုက်ပါတယ်။
လူမျိုးခြားတို့ရဲ့ ပညာရှိတွေထဲမှာ၊ တိုင်းနိုင်ငံတွေထဲမှာ ကိုယ်တော်နဲ့တူတဲ့သူ မရှိပါဘူး။+
-
-
ရောမ ၉:၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ ဖာရောဘုရင်ကိုလည်း “မင်းကိုသုံးပြီး ငါ့တန်ခိုးကို ပြဖို့၊ ငါ့နာမည်ကို မြေတစ်ပြင်လုံး သိစေဖို့ မင်းကို ငါ အသက်ရှင်ခွင့် ပေးနေတာ”+ လို့ မိန့်ဆိုခဲ့တဲ့အကြောင်း ကျမ်းစာမှာ ရေးထားတယ်။
-