-
ကမ္ဘာဦး ၅၀:၂၄၊ ၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ နောက်တော့ ယောသပ်က “ငါသေရတော့မယ်။ ဒါပေမဲ့ ဘုရားသခင်က မင်းတို့ကို တကယ်သတိရလိမ့်မယ်။+ မင်းတို့ကို ဒီပြည်ကနေ ဆက်ဆက်ခေါ်ထုတ်ပြီး အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့ကို ကတိပေးထားတဲ့ပြည်ဆီ ခေါ်ဆောင်သွားမယ်”+ လို့ ပြောတယ်။ ၂၅ ပြီးတော့ “မင်းတို့ကို ဘုရားသခင် တကယ်သတိရလိမ့်မယ်။ အဲဒီအခါကျရင် ငါ့အရိုးတွေကို ဒီနေရာကနေ သယ်သွားပါ” ဆိုပြီး အစ္စရေးရဲ့သားမြေးတွေကို သစ္စာဆိုခိုင်းတယ်။+
-
-
ဟီဘရူး ၁၁:၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ ယုံကြည်ခြင်းကြောင့် ယောသပ်က အစ္စရေးတွေ အီဂျစ်ပြည်ကနေ ထွက်ရလိမ့်မယ်လို့ သေဆုံးခါနီးမှာ ပြောခဲ့တယ်။ သူ့အရိုးတွေကို အဲဒီကနေ သယ်သွားဖို့ မှာကြားခဲ့တယ်။+
-