၈ သူလည်း ထပြီး စားသောက်တယ်။ အဲဒီအစာကြောင့် ခွန်အားပြည့်လာပြီး ရက်ပေါင်း ၄၀ တိတိ ခရီးဆက်သွားတယ်။ နောက်ဆုံးမှာ စစ်မှန်တဲ့ ဘုရားသခင်ရဲ့ တောင်ဖြစ်တဲ့ ဟောရပ်တောင်ကို ရောက်သွားတယ်။+
၉ အဲဒီကိုရောက်တော့ လိုဏ်ဂူထဲ+ ဝင်ပြီး ညအိပ်တယ်။ အဲဒီအခါ ယေဟောဝါက “ဧလိယ၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ” လို့မေးတယ်။