-
ထွက်မြောက်ရာ ၃၁:၁၃၊ ၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ “အစ္စရေးတွေကို ပြောပါ။ ‘ဥပုသ်နေ့တွေကို မပျက်မကွက် စောင့်ထိန်းရမယ်။+ ဥပုသ်နေ့ဟာ မင်းတို့ကို ငါယေဟောဝါ သီးခြားခွဲထားမှန်း လူမျိုးအစဉ်အဆက် သတိရစေမယ့် အထိမ်းအမှတ်ဖြစ်လို့ပဲ။ ၁၄ ဥပုသ်နေ့ကို စောင့်ထိန်းရမယ်။ မြင့်မြတ်တဲ့နေ့ ဖြစ်တယ်။+ ဥပုသ်ပညတ်ကို ချိုးဖောက်ရင် သေဒဏ်ပဲ။ ဥပုသ်နေ့မှာ အလုပ်လုပ်တဲ့ လူကို ပယ်ရှင်းရမယ်။+
-
-
တရားဟောရာ ၅:၁၂-၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ “‘ယေဟောဝါဘုရား မိန့်မှာတဲ့အတိုင်း ဥပုသ်နေ့ကို မြင့်မြတ်တဲ့နေ့အဖြစ် စောင့်ထိန်းပါ။+ ၁၃ ခြောက်ရက်လုံး အလုပ်မှန်သမျှ လုပ်နိုင်တယ်။+ ၁၄ ခုနစ်ရက်မြောက်နေ့ကတော့ ယေဟောဝါဘုရားအတွက် ဥပုသ်နေ့ပဲ။+ ကိုယ်တိုင်နဲ့ သားသမီးတွေရော၊ ကျွန်တွေ၊ နွားမြည်းစတဲ့ ခြံမွေးတိရစ္ဆာန်တွေ၊ ကိုယ့်မြို့မှာ နေထိုင်တဲ့ တိုင်းတစ်ပါးသားတွေပါမကျန်+ အလုပ်မလုပ်ရဘူး။+ ကျွန်တွေလည်း မင်းတို့လိုပဲ အနားယူနိုင်ဖို့ ဖြစ်တယ်။+
-