ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၃၇:၁၇-၂၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ အဲဒီနောက် ဆီမီးတိုင်ကို+ ရွှေစင်နဲ့ ထုလုပ်တယ်။ ဆီမီးတိုင်ရဲ့ အလယ်တိုင်၊ ဖြာထွက်တဲ့ အခက်တွေ၊ ပွင့်ဖတ်တွေ၊ အဖူးတွေ၊ အပွင့်တွေကို တစ်စပ်တည်း ထုလုပ်တယ်။+ ၁၈ အလယ်တိုင်ကနေ ညာဘက်ကို သုံးခက်၊ ဘယ်ဘက်ကို သုံးခက်၊ စုစုပေါင်း အခက်ခြောက်ခက် ဖြာထွက်နေတယ်။ ၁၉ ညာဘက်အခက်တွေမှာ ဗာဒံပွင့်ပုံစံရှိတဲ့ အပွင့်တွေ၊ အဖူးတွေ၊ ပွင့်ဖတ်တွေ အစဉ်လိုက် သုံးဆင့်ရှိတယ်။ ဘယ်ဘက်အခက်တွေမှာလည်း ဗာဒံပွင့်ပုံစံရှိတဲ့ အပွင့်တွေ၊ အဖူးတွေ၊ ပွင့်ဖတ်တွေ အစဉ်လိုက် သုံးဆင့်ရှိတယ်။ အလယ်တိုင်ကနေ ဖြာထွက်တဲ့ အခက်ခြောက်ခက်စလုံး အဲဒီပုံစံအတိုင်းပဲ။ ၂၀ အလယ်တိုင်မှာလည်း ဗာဒံပွင့်ပုံစံရှိတဲ့ အပွင့်တွေ၊ အဖူးတွေ၊ ပွင့်ဖတ်တွေ အစဉ်လိုက် လေးဆင့်ရှိတယ်။ ၂၁ အလယ်တိုင်ကနေ ဖြာထွက်တဲ့ အခက်သုံးစုံထဲက တစ်စုံစီရဲ့အောက်မှာ အဖူးတစ်ဖူးစီရှိတယ်။ ၂၂ အဖူးတွေ၊ အခက်တွေပါတဲ့ ဆီမီးတိုင်တစ်ခုလုံးကို တစ်စပ်တည်း ထုလုပ်တယ်။ ၂၃ ဆီမီးတိုင်အတွက် မီးခွက်ခုနစ်ခွက်၊+ မီးညှပ်၊ မီးစာခံခွက်တွေကို ရွှေစင်နဲ့လုပ်တယ်။ ၂၄ ဆီမီးတိုင်နဲ့ ဆီမီးတိုင်အသုံးအဆောင်တွေကို ရွှေစင်တစ်တဲလင့်နဲ့* လုပ်တယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ