-
ဝတ်ပြုရာ ၈:၁၄-၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ အဲဒီနောက် အပြစ်ဖြေရာအလှူဖြစ်တဲ့ နွားထီးကို ယူလာပြီး အာရုန်နဲ့သားတွေက နွားထီးရဲ့ခေါင်းပေါ် လက်တင်ကြတယ်။+ ၁၅ မောရှေက နွားထီးကိုသတ်၊ လက်ညှိုးနဲ့ သွေးနည်းနည်းကိုယူ၊+ ပူဇော်ရာပလ္လင်ရဲ့ ဦးချိုအတက်အားလုံးမှာ သုတ်ပြီး ပူဇော်ရာပလ္လင်ကို အပြစ်စင်ကြယ်စေတယ်။ ကျန်တဲ့သွေးကိုတော့ ပူဇော်ရာပလ္လင်ခြေရင်းမှာ သွန်ချလိုက်တယ်။ ပူဇော်ရာပလ္လင်ပေါ်မှာ အပြစ်ဖြေနိုင်ဖို့ ဒီနည်းနဲ့ ပူဇော်ရာပလ္လင်ကို ဆက်ကပ်လိုက်တယ်။ ၁၆ နွားထီးရဲ့ ဝမ်းတွင်းအဆီလွှာ၊ အသည်းပေါ်ကအဆီလွှာ၊ ကျောက်ကပ်နှစ်ခုနဲ့ ကျောက်ကပ်ပေါ်က အဆီတွေကိုယူပြီး ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်တယ်။+ ၁၇ ကျန်တဲ့အပိုင်းတွေ၊ အရေခွံ၊ အသား၊ မစင်တွေကိုတော့ စခန်းအပြင်ဘက်မှာ မီးရှို့တယ်။+ မောရှေက ယေဟောဝါ မိန့်မှာတဲ့အတိုင်း လုပ်ဆောင်တယ်။
-