-
ထွက်မြောက်ရာ ၃၅:၃၀-၃၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၀ အဲဒီနောက် မောရှေက အစ္စရေးတွေကို ပြောတယ်– “ယုဒအနွယ်ထဲက ဟုရရဲ့မြေး၊ ဥရိရဲ့သား ဗေဇလေလကို ယေဟောဝါဘုရား ရွေးချယ်လိုက်ပြီ။+ ၃၁ သူ့ကို ဉာဏ်ပညာ၊ သိနားလည်မှု၊ လက်မှုအတတ်အမျိုးမျိုးနဲ့ဆိုင်တဲ့ အသိပညာတွေ ပေးပြီး ဘုရားသခင့်စွမ်းအားတော်နဲ့ ပြည့်စေပြီ။ ၃၂ သူက လက်ရာမြောက်တဲ့ပုံစံတွေ ဖန်တီးနိုင်လိမ့်မယ်။ ရွှေထည်၊ ငွေထည်၊ ကြေးထည်တွေလုပ်တဲ့ပညာ၊ ၃၃ ကျောက်မျက်တွေကို သွေးပြီး စီခြယ်တဲ့ပညာ၊ ပန်းပုပညာမျိုးစုံ တတ်ကျွမ်းလိမ့်မယ်။ ၃၄ ဘုရားသခင်က ဗေဇလေလနဲ့ ဒန်အနွယ်ထဲက အဟိသမက်ရဲ့သား အဟောလျဘကို+ တခြားသူတွေကို ပြန်လည်သင်ကြားနိုင်စွမ်းလည်း ပေးထားတယ်။
-
-
၁ ရာဇဝင်ချုပ် ၂:၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ ဟုရရဲ့သားက ဥရိ။ ဥရိရဲ့သားက ဗေဇလေလ။+
-