ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကမ္ဘာဦး ၂၂:၁၅-၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ ယေဟောဝါရဲ့ ကောင်းကင်တမန်က ကောင်းကင်ကနေ အာဗြဟံကို ဒုတိယအကြိမ်ခေါ်ပြီး ပြောတယ်– ၁၆ “ယေဟောဝါ ပြောတာက ‘အခုလို တစ်ဦးတည်းသော သားကို+ မင်းပေးတဲ့အတွက် ငါ့ကိုယ်ငါတိုင်တည်ပြီး ကျိန်ဆိုတယ်။+ ၁၇ မင်းကို ငါဆက်ဆက် ကောင်းချီးပေးမယ်။ မင်းရဲ့မျိုးနွယ်ကို ကောင်းကင်ကြယ်တွေလို၊ ပင်လယ်သဲပွင့်တွေလို တိုးပွားများပြားစေမယ်။+ မင်းရဲ့မျိုးနွယ်က ရန်သူတွေရဲ့ မြို့တံခါးကို သိမ်းပိုက်လိမ့်မယ်။+

  • ကမ္ဘာဦး ၃၅:၁၀၊ ၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ ပြီးတော့ “မင်းနာမည်ဟာ ယာကုပ်ဆိုပေမဲ့+ အခု ယာကုပ်လို့ မခေါ်ရတော့ဘူး။ အစ္စရေးလို့ ခေါ်ရတော့မယ်” ဆိုပြီး သူ့ကို အစ္စရေးလို့ စခေါ်တယ်။+ ၁၁ ဘုရားသခင်က “ငါဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ။+ သားသမီးတွေ အများကြီးမွေးဖွားပါ။ မင်းဟာ လူမျိုးများစွာရဲ့ဖခင် ဖြစ်လာမယ်။+ မင်းဆီကနေ ဘုရင်တွေ ဆင်းသက်လာမယ်။+

  • ဟီဘရူး ၆:၁၃၊ ၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ အာဗြဟံကို ကတိပေးတဲ့အခါ ဘုရားသခင်က မိမိထက်ကြီးမြတ်တဲ့သူ မရှိတဲ့အတွက် မိမိကိုယ်ကို တိုင်တည်ကျိန်ဆိုပြီး၊+ ၁၄ “မင်းကို ငါ ဆက်ဆက်ကောင်းချီးပေးမယ်။ မင်းရဲ့မျိုးနွယ်ကို တိုးပွားများပြားစေမယ်”+ လို့ပြောခဲ့တယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ