-
ဝတ်ပြုရာ ၁:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ အာရုန်ရဲ့သား ပုရောဟိတ်တွေက ပူဇော်ရာပလ္လင်မှာ မီးထည့်ရမယ်။+ ထင်းတွေကိုလည်း စီပြီးထည့်ရမယ်။
-
-
နေဟမိ ၁၃:၃၀၊ ၃၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၀ အဲဒီနောက် ကျွန်တော်က လူတွေကို တိုင်းတစ်ပါး လွှမ်းမိုးမှုမှန်သမျှကနေ ကင်းစင်သွားအောင် လုပ်ပေးတယ်။ ပုရောဟိတ်တွေနဲ့ လေဝိအမျိုးသားတွေကို တာဝန်ကိုယ်စီ ခွဲဝေပေးတယ်။+ ၃၁ သီးဦးသီးဖျား အမှည့်တွေ၊ သတ်မှတ်ထားချိန်မှာ ယူလာရမယ့် ထင်းတွေအတွက် စီစဉ်ပေးတယ်။+
ဘုရားသခင်၊ ကျွန်တော့်ကို သတိရပေးပါ။ မျက်နှာသာ ပေးတော်မူပါ။+
-