-
ဝတ်ပြုရာ ၅:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ အပြစ်ဖြေဖို့ ဒုစရိုက်ဖြေရာအလှူဖြစ်တဲ့+ သိုးမလေး ဒါမှမဟုတ် ဆိတ်မလေးတစ်ကောင်ကို အပြစ်ဖြေရာအလှူအဖြစ် ယေဟောဝါဆီ ယူလာရမယ်။ သူ့အပြစ်အတွက် ပုရောဟိတ်က အပြစ်ဖြေပေးရမယ်။
-
-
ဝတ်ပြုရာ ၆:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ သတ်မှတ်တန်ဖိုးနဲ့ညီပြီး အနာအဆာမရှိတဲ့ သိုးထီးကို ဒုစရိုက်ဖြေရာအလှူအဖြစ် ယေဟောဝါဆီ ပူဇော်ဖို့ ပုရောဟိတ်ဆီ ယူလာရမယ်။+
-
-
ဝတ်ပြုရာ ၁၄:၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ “အနာကြီးရောဂါသည်ကို ပုရောဟိတ်ဆီ ခေါ်လာပြီးနောက်+ သန့်ရှင်းတယ်လို့ အတည်ပြုတဲ့နေ့မှာ လိုက်နာရမယ့် ပညတ်ကတော့၊
-
-
ဝတ်ပြုရာ ၁၉:၂၀၊ ၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ “‘လူတစ်ယောက်က ကိုယ့်ကျွန်မကို တခြားလူဆီ မယားငယ်အဖြစ်ရောင်းဖို့ ကတိပေးထားပေမဲ့ လာမရွေးယူခင်၊ မလွတ်လပ်ခင်မှာ သူနဲ့လိင်ဆက်ဆံရင် နှစ်ယောက်စလုံးကို ပြစ်ဒဏ်ပေးရမယ်။ ဒါပေမဲ့ ကျွန်မဟာ လွတ်လပ်သူ မဟုတ်သေးတဲ့အတွက် သူတို့ကို သေဒဏ်မပေးရဘူး။ ၂၁ အဲဒီလူဟာ သိုးထီးတစ်ကောင်ကို ဒုစရိုက်ဖြေရာ အလှူအဖြစ် ယေဟောဝါရှေ့ တွေ့ဆုံရာတဲတော် ဝင်ပေါက်ဆီ ယူလာရမယ်။+
-
-
တောလည်ရာ ၆:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ယေဟောဝါအတွက် ကိုယ်ကို သီးသန့်ဖယ်ထားပြီး နာဇရိလူအဖြစ် နေထိုင်တဲ့အချိန်ကို အသစ်ကပြန်စရမယ်။ ဒုစရိုက်ဖြေရာအလှူအဖြစ် တစ်နှစ်သားအရွယ် သိုးထီးလေးကို ယူလာရမယ်။ ဒါပေမဲ့ သူက ကိုယ်ကိုညစ်ညူးစေတဲ့အတွက် နာဇရိလူ အဖြစ်နေထိုင်ခဲ့တဲ့ အရင်နေ့ရက်တွေကို ထည့်မတွက်ရဘူး။
-