-
ထွက်မြောက်ရာ ၂၉:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၉ “အာရုန်နဲ့ သူ့သားတွေကို ပုရောဟိတ်တွေအဖြစ် အမှုဆောင်နိုင်အောင် သန့်ရှင်းမြင့်မြတ်စေရမယ့်နည်းကတော့– နွားထီးပျိုတစ်ကောင်နဲ့ အနာအဆာမရှိတဲ့ သိုးထီးနှစ်ကောင်ကို ယူပါ။+ ၂ တဆေးမဲ့မုန့်၊ ဆီနယ်ပြီးလုပ်ထားတဲ့ တဆေးမဲ့မုန့်လက်ကောက်၊ ဆီသုတ်ထားတဲ့ တဆေးမဲ့မုန့်ပြားတွေကိုလည်း ယူပါ။+ မုန့်တွေကို ဂျုံနုနဲ့လုပ်ရမယ်။ ၃ အဲဒီမုန့်တွေကို တောင်းထဲထည့်ပြီး+ နွားထီးတစ်ကောင်၊ သိုးထီးနှစ်ကောင်နဲ့အတူယူလာပါ။
-
-
ဝတ်ပြုရာ ၆:၁၄၊ ၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ “‘ကောက်နှံအလှူနဲ့ဆိုင်တဲ့ ပညတ်ကတော့–+ အာရုန်ရဲ့သားတွေက ပူဇော်ရာပလ္လင်ရှေ့၊ ယေဟောဝါရှေ့မှာ ကောက်နှံအလှူကို ဆက်သရမယ်။ ၁၅ ကောက်နှံအလှူဖြစ်တဲ့ ဆီလောင်းထားတဲ့ဂျုံနု လက်တစ်ဆုပ်စာနဲ့ လောဗန်ရှိသမျှကိုယူပြီး ကိုယ်စားပြုအလှူအဖြစ်၊ ယေဟောဝါအတွက် မွှေးကြိုင်တဲ့ရနံ့အဖြစ် ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်ရမယ်။+
-