-
ဝတ်ပြုရာ ၃:၁၆၊ ၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ ပုရောဟိတ်က အဲဒါတွေကို အစားအစာအဖြစ် ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။ ဒါဟာ မွှေးကြိုင်တဲ့ ရနံ့အဖြစ် မီးရှို့ဆက်သတဲ့အလှူပဲ။ အဲဒီအဆီအားလုံး ယေဟောဝါအတွက် ဖြစ်ရမယ်။+
၁၇ “‘ဘာအဆီဖြစ်ဖြစ်၊ ဘာသွေးဖြစ်ဖြစ် လုံးဝ မစားရဘူး။+ ဒါဟာ မင်းတို့နေထိုင်ရာ အရပ်တိုင်းမှာ လူမျိုးအစဉ်အဆက် လိုက်နာရမယ့် အမြဲတည်တဲ့ ဥပဒေပဲ။’”
-
-
ဝတ်ပြုရာ ၄:၈-၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ “‘အဲဒီနောက် သူက အပြစ်ဖြေရာအလှူဖြစ်တဲ့ နွားထီးရဲ့အဆီအားလုံးကို ဖယ်ထုတ်ထားရမယ်။ အဲဒီအဆီတွေကတော့ ဝမ်းတွင်းအဆီလွှာ၊ အူမှာကပ်နေတဲ့အဆီ၊ ၉ ခါးအတွင်းပိုင်းမှာရှိတဲ့ ကျောက်ကပ်နှစ်ခုနဲ့ ကျောက်ကပ်ပေါ်က အဆီတွေပဲ။ ကျောက်ကပ်တွေနဲ့အတူ အသည်းပေါ်က အဆီလွှာလည်း ပါတယ်။+ ၁၀ မိတ်သဟာယ ပူဇော်သက္ကာဖြစ်တဲ့ နွားထီးရဲ့ အဆီကို ဖယ်ထုတ်သလိုပဲ+ အဲဒီအဆီတွေကို ဖယ်ထုတ်ပြီး မီးရှို့ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ဆက်သရမယ်။
-
-
၁ ရှမွေလ ၂:၁၆၊ ၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ ပူဇော်သူက “အဆီတွေကို အရင်ဆုံး မီးရှို့လိုက်ဦးမယ်။+ ပြီးမှ ခင်ဗျားတို့ စားချင်တဲ့အပိုင်းကို ယူသွားပါ” လို့ပြောတဲ့အခါ “မရဘူး။ အခုချက်ချင်းပေး။ မပေးရင် လုမှာပဲ” ဆိုပြီး ပြောတတ်တယ်။ ၁၇ ဒါကြောင့် အဲဒီနောက်လိုက်တွေက ယေဟောဝါရှေ့မှာ အပြစ်ကြီးလွန်းတယ်။+ ယေဟောဝါဆီ ပူဇော်မယ့် အလှူတွေကို သူတို့ မလေးမစား လုပ်ကြတယ်။
-