-
ဝတ်ပြုရာ ၃:၃-၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ သူက မိတ်သဟာယ ပူဇော်သက္ကာရဲ့ တချို့အပိုင်းကို ယေဟောဝါအတွက် မီးရှို့ပူဇော်ဖို့ ပေးရမယ်။+ အဲဒီအပိုင်းတွေကတော့ ဝမ်းတွင်းအဆီလွှာ၊+ အူမှာကပ်နေတဲ့အဆီတွေ၊ ၄ ခါးအတွင်းပိုင်းမှာရှိတဲ့ ကျောက်ကပ်နှစ်ခုနဲ့ ကျောက်ကပ်ပေါ်က အဆီတွေပဲ။ ကျောက်ကပ်တွေနဲ့အတူ အသည်းပေါ်က အဆီလွှာလည်း ပါတယ်။+ ၅ အာရုန်ရဲ့သားတွေက အဲဒါတွေကို ပူဇော်ရာပလ္လင် ထင်းမီးပေါ်က မီးရှို့ရာအလှူပေါ် တင်ပြီး မီးရှို့ရမယ်။+ ဒါဟာ မွှေးကြိုင်တဲ့ရနံ့အဖြစ် ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူပဲ။+
-