-
ဝတ်ပြုရာ ၁၄:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ သန့်ရှင်းသွားတဲ့ ရောဂါသည်အပေါ် အဲဒီသွေးကို ခုနစ်ခါဖျန်းပြီး သူ့ကို သန့်ရှင်းသွားပြီလို့ အတည်ပြုပေးရမယ်။ ပြီးရင် ငှက်အရှင်ကို လွှတ်ပေးလိုက်ရမယ်။+
-
-
ဝတ်ပြုရာ ၁၄:၅၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅၃ ငှက်အရှင်ကိုတော့ မြို့ပြင်မှာ လွှတ်လိုက်ပြီး အိမ်အတွက် အပြစ်ဖြေပေးရမယ်။ ဒါဆိုရင် အိမ်က သန့်ရှင်းသွားပြီ။
-
-
ဝတ်ပြုရာ ၁၆:၂၁၊ ၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ အာရုန်က ဆိတ်အရှင်ရဲ့ခေါင်းပေါ်မှာ လက်နှစ်ဖက်စလုံး တင်ပြီး အစ္စရေးတွေရဲ့အမှားတွေ၊ ပြစ်မှားမှုတွေ၊ အပြစ်တွေကို ဝန်ချတောင်းပန်ရမယ်။ အဲဒီအပြစ်တွေကို ဆိတ်ခေါင်းပေါ် တင်ရမယ်။+ တာဝန်ရထားသူရဲ့လက်ထဲ ဆိတ်ကို အပ်ပြီး တောထဲ လွှတ်ခိုင်းရမယ်။ ၂၂ သူက ဆိတ်ကို တောထဲ လွှတ်ပေးရမယ်။+ အဲဒီဆိတ်က သူတို့ရဲ့အပြစ်အားလုံးကို+ လူသူကင်းမဲ့ရာအရပ်ဆီ+ သယ်ဆောင်သွားမယ်။
-