ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၃၀:၃၄-၃၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၄ ယေဟောဝါက မောရှေကို ဆက်မိန့်မှာတယ်– “အမွှေးနံ့သာတွေဖြစ်တဲ့ သစ်စေးမွှေး၊ ခရုခွံမွှေး၊ ဂါဗနမ်သစ်စေးမွှေး၊ လောဗန်* စစ်စစ်ကို အချိုးကျယူပါ။+ ၃၅ အဲဒီအမွှေးနံ့သာတွေကို သမအောင်ရောစပ်၊ ဆားခတ်ပြီး+ သန့်ရှင်းတဲ့ နံ့သာပေါင်းစစ်စစ်ကို+ ဖော်စပ်ရမယ်။ ၃၆ အဲဒီအမွှေးနံ့သာတချို့ကို ညက်ညက်ထောင်းပြီး မင်းကို ငါတွေ့ဆုံမယ့် တွေ့ဆုံရာတဲတော်ထဲက သက်သေခံချက်သေတ္တာရှေ့မှာ ထားရမယ်။ အဲဒီနံ့သာပေါင်းဟာ မင်းတို့အတွက် အသန့်ရှင်းဆုံးဖြစ်ရမယ်။

  • ဗျာဒိတ် ၅:၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ စာလိပ်ကို ယူလိုက်တဲ့အခါ သတ္တဝါလေးပါးနဲ့ အကြီးအကဲ ၂၄ ယောက်တို့က+ နံ့သာပေါင်းအပြည့်ပါတဲ့ ရွှေဖလားနဲ့ စောင်းကို ကိုယ်စီကိုင်ရင်း သိုးသငယ်ရှေ့မှာ ဦးချပျပ်ဝပ်ကြတယ်။ (နံ့သာပေါင်းဟာ သန့်ရှင်းသူတွေရဲ့ ဆုတောင်းချက်တွေကို ဆိုလိုတယ်။)+

  • ဗျာဒိတ် ၈:၃-၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ ကောင်းကင်တမန် နောက်တစ်ပါး ရောက်လာပြီး နံ့သာပေါင်းပလ္လင်နားမှာ+ ရပ်နေတယ်။ သူက နံ့သာပေါင်းပူဇော်ဖို့ ရွှေလင်ပန်းကို ကိုင်ထားတယ်။ သန့်ရှင်းသူတွေ ဆုတောင်းတာကို ဘုရားနားထောင်နေချိန်မှာ  ရာဇပလ္လင်ရှေ့က ရွှေနံ့သာပေါင်းပလ္လင်ပေါ်မှာ+ ပူဇော်ဖို့ နံ့သာပေါင်းအများကြီးကို+ သူရထားတယ်။ ၄ နံ့သာပေါင်းငွေ့တွေဟာ သန့်ရှင်းသူတို့ရဲ့ ဆုတောင်းချက်တွေနဲ့အတူ+ ကောင်းကင်တမန် လက်ထဲကနေ ဘုရားသခင့် ရှေ့တော်ကို တက်သွားတယ်။ ၅ ဒါပေမဲ့ ကောင်းကင်တမန်က ချက်ချင်းပဲ နံ့သာပေါင်းပလ္လင်ပေါ်က မီးကို လင်ပန်းထဲထည့်ပြီး ကမ္ဘာမြေပေါ် ပစ်ချလိုက်တယ်။ အဲဒီအခါ မိုးခြိမ်းသံတွေ၊ စကားသံတွေ ပေါ်ထွက်လာတယ်။ လျှပ်စီးတွေလက်ပြီး+ မြေငလျင်လှုပ်တယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ