-
တိတု ၂:၁၃၊ ၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ ဒီအတောအတွင်း ဝမ်းမြောက်ဖွယ် မျှော်လင့်ချက်ကိုရော+ ကြီးမြတ်တဲ့ ဘုရားသခင်နဲ့ ကယ်တင်ရှင် ခရစ်တော်ယေရှုရဲ့ ဘုန်းအသရေပြည့်ဝတဲ့ ပေါ်ထွန်းခြင်းကိုပါ စောင့်မျှော်နေကြစို့။ ၁၄ ခရစ်တော်က ငါတို့ကို တရားမဲ့လုပ်ရပ်အမျိုးမျိုး ကျူးလွန်တဲ့ဘဝကနေ လွတ်မြောက်စေဖို့၊+ မိမိရဲ့ အထူးပိုင်ဆိုင်ရာအဖြစ် သန့်ရှင်းစေပြီး မွန်မြတ်တဲ့အလုပ်မှာ စိတ်ထက်သန်သူတွေဖြစ်စေဖို့+ အသက်ကို ပေးဆက်ခဲ့တယ်။+
-
-
၁ ယောဟန် ၁:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ဘုရားသခင်ဟာ အလင်းထဲမှာရှိနေတဲ့အတွက် ကျွန်တော်တို့လည်း အလင်းမှာ လျှောက်လှမ်းမယ်ဆိုရင် အချင်းချင်း ရင်းနှီးကျွမ်းဝင်ကြလိမ့်မယ်။ သားတော်ယေရှုရဲ့ သွေးက ကျွန်တော်တို့ရဲ့ အပြစ်အားလုံးကို သန့်စင်ပေးလိမ့်မယ်။+
-