-
ဝတ်ပြုရာ ၂၀:၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ “‘လူတစ်ယောက်ဟာ ဖခင်ရဲ့သမီးဖြစ်စေ၊ မိခင်ရဲ့သမီးဖြစ်စေ ကိုယ့်နှမနဲ့ ဖောက်ပြန်ရင် အရှက်ကင်းမဲ့တာပဲ။+ သူတို့ကို ပယ်ရှင်းရမယ်။ သူက ကိုယ့်နှမကို အရှက်ခွဲတယ်။ သူ့အပြစ်အတွက် ပြစ်ဒဏ်ခံရမယ်။
-
-
တရားဟောရာ ၂၇:၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ “‘အဖေတူအမေကွဲဖြစ်စေ၊ အမေတူအဖေကွဲဖြစ်စေ၊ မောင်နှမချင်းဖြစ်စေ ဖောက်ပြန်တဲ့သူ ကျိန်စာသင့်ပါစေ။’+ (လူအားလုံးက ‘အာမင်’ လို့ပြောရမယ်။)
-
-
၂ ရှမွေလ ၁၃:၁၀-၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ အဲဒီအခါ အာမနုန်က “မုန့်ကို အိပ်ခန်းထဲ ယူလာခဲ့။ မင်းလက်နဲ့ ကျွေးတာကို စားချင်တာ” ဆိုပြီး ပြောတယ်။ တာမာလည်း လုပ်ထားတဲ့ အသည်းပုံမုန့်တွေကို အိပ်ခန်းထဲမှာရှိတဲ့ အာမနုန်ဆီ ယူလာတယ်။ ၁၁ မုန့်ယူလာတဲ့အခါ အာမနုန်က တာမာကို ဖမ်းဆွဲပြီး “ငါနဲ့အတူအိပ်ပါ” လို့ပြောတယ်။ ၁၂ ဒါပေမဲ့ တာမာက “အစ်ကို၊ မလုပ်ပါနဲ့။ ကျွန်မကို အရှက်မခွဲပါနဲ့။ အစ္စရေးအမျိုးမှာ ဒီလိုလုပ်ရိုးထုံးစံ မရှိဘူး။+ ဒီလိုယုတ်ညံ့တဲ့ လုပ်ရပ်ကို မလုပ်ပါနဲ့။+
-