-
တရားဟောရာ ၈:၇-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ခင်ဗျားတို့ကို သာယာလှပတဲ့ပြည်ထဲ ယေဟောဝါဘုရား ခေါ်ဆောင်လာပြီ။+ အဲဒီပြည်ဟာ ချောင်းတွေ ပေါများတယ်။ ချိုင့်ဝှမ်းလွင်ပြင်နဲ့ တောင်တန်းဒေသမှာ စမ်းချောင်းတွေ၊ စိမ့်စမ်းတွေ စီးဆင်းနေတယ်။ ၈ ဂျုံ၊ မုယောစပါး၊ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်တွေ+ ရှိတယ်။ သံလွင်ဆီနဲ့ ပျားရည် ထွက်တယ်။+ ၉ အစားအစာ ပေါများပြီး လိုလေသေးမရှိ ပြည့်စုံတဲ့ပြည်၊ သံရိုင်းပါတဲ့ကျောက်တွေ ထွက်ပြီး တောင်တန်းတွေကနေ ကြေးနီတူးဖော်ရတဲ့ပြည် ဖြစ်တယ်။
-
-
ယေဇကျေလ ၂၀:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ သူတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ပြီး ငါရွေးချယ်ထားတဲ့ပြည်၊ နို့နဲ့ပျားရည်စီးတဲ့ပြည်ဆီ ပို့ဆောင်ပေးမယ်လို့ အဲဒီနေ့မှာ ကျိန်ဆိုခဲ့တယ်။+ အဲဒီပြည်ဟာ အလှဆုံးတိုင်းပြည်ပဲ။
-