-
ယေဇကျေလ ၆:၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ လွတ်မြောက်သွားသူတွေဟာ သုံ့ပန်းဘဝရောက်သွားတဲ့ လူမျိုးတွေအလယ်မှာ ငါ့ကိုသတိရကြလိမ့်မယ်။+ ငါ့ဆီကနေ လမ်းလွဲပြီး သစ္စာမဲ့သွားတဲ့အတွက်၊ ရွံမုန်းဖွယ်ရုပ်တုတွေကို ရာဂစိတ်နဲ့ တပ်မက်နေတဲ့အတွက် ငါရင်ကျိုးရတယ်ဆိုတာ သူတို့ နားလည်လာလိမ့်မယ်။+ သူတို့လုပ်ခဲ့တဲ့ မကောင်းမှုတွေ၊ ရွံစရာအကျင့်တွေကြောင့် ကိုယ့်ကိုယ်ကိုယ် ရွံပြီး အရှက်ရလိမ့်မယ်။+
-
-
ဒံယေလ ၉:၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ကျွန်တော်တို့ ပြစ်မှားပါပြီ။ မကောင်းမှု ကျူးလွန်ပြီး ဆိုးညစ်စွာ လုပ်ဆောင်ခဲ့ပါပြီ။ ကိုယ်တော့်ကို ပုန်ကန်ခဲ့ပါပြီ။+ ပညတ်ချက်တွေ၊ တရားစီရင်ချက်တွေကနေ လမ်းလွဲခဲ့ပါပြီ။
-