-
ဝတ်ပြုရာ ၆:၁၄-၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ “‘ကောက်နှံအလှူနဲ့ဆိုင်တဲ့ ပညတ်ကတော့–+ အာရုန်ရဲ့သားတွေက ပူဇော်ရာပလ္လင်ရှေ့၊ ယေဟောဝါရှေ့မှာ ကောက်နှံအလှူကို ဆက်သရမယ်။ ၁၅ ကောက်နှံအလှူဖြစ်တဲ့ ဆီလောင်းထားတဲ့ဂျုံနု လက်တစ်ဆုပ်စာနဲ့ လောဗန်ရှိသမျှကိုယူပြီး ကိုယ်စားပြုအလှူအဖြစ်၊ ယေဟောဝါအတွက် မွှေးကြိုင်တဲ့ရနံ့အဖြစ် ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်ရမယ်။+ ၁၆ ကျန်တဲ့ဂျုံနုကို အာရုန်နဲ့သူ့သားတွေ စားရမယ်။+ တဆေးမဲ့မုန့်လုပ်ပြီး သန့်ရှင်းရာဌာနတော်ဖြစ်တဲ့ တွေ့ဆုံရာတဲတော်ဝင်း အတွင်းမှာ စားရမယ်။+
-
-
၁ ကောရိန္သု ၉:၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ အမှုတော်ကို ဆောင်ရွက်သူတွေဟာ ဗိမာန်တော်ကရတဲ့ အစာတွေကို သုံးဆောင်ခွင့်ရှိမှန်း၊ ပူဇော်ရာပလ္လင်မှာ အမြဲအမှုဆောင်ရသူတွေဟာ ပလ္လင်မှာ ပူဇော်ထားတာတွေကို ပါဝင်သုံးဆောင်ခွင့်ရှိမှန်း ခင်ဗျားတို့ မသိကြဘူးလား။+
-