-
ဝတ်ပြုရာ ၂၃:၂၇-၃၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၇ “ခုနစ်လပိုင်း၊ ၁၀ ရက်နေ့ကတော့ အပြစ်ဖြေရာနေ့ပဲ။+ အဲဒီနေ့မှာ မြင့်မြတ်တဲ့စည်းဝေးပွဲ လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဒဏ်ပေးရမယ်။*+ အလှူတွေကို ယေဟောဝါဆီ မီးရှို့ဆက်သရမယ်။ ၂၈ အဲဒီနေ့ထူးနေ့မြတ်မှာ ဘာအလုပ်မှ မလုပ်ရဘူး။ မင်းတို့ရဲ့ဘုရား ယေဟောဝါရှေ့မှာ မင်းတို့ရဲ့အပြစ်ကို ဖြေပေးမယ့် အပြစ်ဖြေရာနေ့ပဲ။+ ၂၉ အဲဒီနေ့မှာ ကိုယ့်ကိုယ်ကိုယ် ဒဏ်မပေးတဲ့သူ* ဘယ်သူမဆို ပယ်ရှင်းခံရမယ်။+ ၃၀ အဲဒီနေ့မှာ အလုပ်လုပ်တဲ့ လူတိုင်းကို အမျိုးထဲကနေ ငါဖျက်ဆီးမယ်။ ၃၁ ဘာအလုပ်မှ မလုပ်ရဘူး။ ဒါဟာ မင်းတို့နေထိုင်ရာ အရပ်တိုင်းမှာ လူမျိုးအစဉ်အဆက် လိုက်နာရမယ့် အမြဲတည်တဲ့ဥပဒေပဲ။
-