-
ဆာလံ ၁၃၂:၁-၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃၂ အို ယေဟောဝါ၊ ဒါဝိဒ်ကိုရော သူကြုံရတဲ့ဒုက္ခ တွေကိုပါ
သတိရလှည့်ပါ။+
၂ ယေဟောဝါကို သူ ဘယ်လိုသစ္စာဆိုခဲ့တယ်၊
ယာကုပ်ရဲ့ တန်ခိုးကြီးရှင်ကို သူ ဘယ်လို သစ္စာကတိပြုခဲ့တယ်ဆိုတာ သတိရလှည့်ပါ။+
၃ “ကျွန်တော် ကိုယ့်အိမ်၊ ကိုယ့်တဲထဲ မဝင်ဘူး။+
အိပ်ရာပေါ်၊ သလွန်ပေါ် မလှဲဘူး။
၄ မအိပ်စက်ပါဘူး။
အိပ်မောမကျပါဘူး။
၅ ယေဟောဝါရဲ့ သေတ္တာတော် ထားမယ့်နေရာ၊
ယာကုပ်ရဲ့ တန်ခိုးကြီးရှင်အတွက် တင့်တယ်တဲ့စံအိမ် တည်မယ့်နေရာကို ရှာမတွေ့မချင်းပေါ့။”+
-