-
တောလည်ရာ ၂၅:၁၇၊ ၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ “မိဒျန်လူမျိုးကို တိုက်ခိုက်ပြီး ဖျက်ဆီးပစ်ပါ။+ ၁၈ သူတို့က မင်းတို့ ပေဂုရနတ်ဘုရားကို ဝတ်ပြုတဲ့အပြစ်+ လုပ်မိပြီး ဘေးဒဏ်ခံရအောင် သွေးဆောင်ခဲ့တယ်။ ပေဂုရကိစ္စကြောင့် မင်းတို့ ဘေးဒဏ်ခံရတဲ့နေ့မှာ+ အသတ်ခံလိုက်ရတဲ့ အမျိုးသမီး၊ မိဒျန်ခေါင်းဆောင်ရဲ့သမီး ကောဇဘိကို+ သုံးပြီး အပြစ်လုပ်မိအောင် သွေးဆောင်ခဲ့တယ်” လို့ပြောတယ်။
-
-
တရားဟောရာ ၄:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ “ဗာလပေဂုရဘုရားကို ခင်ဗျားတို့ဝတ်ပြုတုန်းက ယေဟောဝါဘုရား ဘာလုပ်ခဲ့မှန်း ကိုယ်တိုင် မြင်ခဲ့ကြတာပဲ။ ဗာလပေဂုရနောက် လိုက်သူတိုင်းကို ယေဟောဝါဘုရား ဖျက်ဆီးခဲ့တယ်။+
-
-
ယောရှု ၂၂:၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ ပေဂုရအရပ်မှာ ကျူးလွန်ခဲ့တဲ့ အပြစ်နဲ့တင် မတော်သေးဘူးလား။ ယေဟောဝါရဲ့ လူစုအပေါ် ဘေးဒဏ်ကျရောက်ခဲ့တာကို မေ့လိုက်ကြပြီလား။ အဲဒီပြစ်ဒဏ်ကို အခုချိန်ထိ ခံနေရတုန်းပဲ။+
-