-
ယောရှု ၂၂:၇၊ ၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ မောရှေက မနာရှေအနွယ်တစ်ဝက်ကို ဗာရှန်ပြည်မှာ အမွေပေးပြီးပြီ။+ ကျန်တစ်ဝက်ကိုတော့ ယောရှုက ဂျော်ဒန်မြစ်အနောက်ဘက်မှာ သူတို့ညီအစ်ကိုတွေနဲ့အတူ အမွေပေးတယ်။+ ယောရှုက သူတို့ကို ပြန်လွှတ်လိုက်ချိန်မှာ ဆုမွန်ကောင်း တောင်းပေးတဲ့အပြင်၊ ၈ “ပစ္စည်းဥစ္စာတွေ၊ တိရစ္ဆာန်တွေ၊ ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ အဝတ်အထည်တွေ အများကြီးယူပြီး+ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ကြ။ ရန်သူတွေဆီက တိုက်ရာပါဥစ္စာတွေကိုလည်း ညီအစ်ကိုတွေနဲ့ ခွဲဝေယူကြပါ”+ လို့လည်း ပြောသေးတယ်။
-