-
ထွက်မြောက်ရာ ၂၃:၃၁-၃၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၁ “မင်းတို့ရဲ့နယ်နိမိတ်ကို ပင်လယ်နီကနေ ဖိလိတိပင်လယ်အထိ၊ တောကန္တာရကနေ မြစ်ကြီး*+ အထိ ငါသတ်မှတ်ပေးမယ်။ အဲဒီပြည်သားတွေကို မင်းတို့လက်ထဲ အပ်မှာဖြစ်လို့ သူတို့ကို နှင်ထုတ်နိုင်မယ်။+ ၃၂ သူတို့နဲ့ဖြစ်စေ၊ သူတို့ဘုရားတွေနဲ့ဖြစ်စေ ကတိသစ္စာမပြုနဲ့။+ ၃၃ သူတို့ကို မင်းတို့ရဲ့ပြည်မှာ နေထိုင်ခွင့်မပေးနဲ့။ ပေးလိုက်ရင် သူတို့ကြောင့် ငါ့ကို မင်းတို့ ပြစ်မှားမိလိမ့်မယ်။ သူတို့ရဲ့ဘုရားတွေကို မင်းတို့ဝတ်ပြုရင် ထောင်ချောက်ထဲ ကျလိမ့်မယ်။+
-
-
တရားဟောရာ ၇:၃၊ ၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ သူတို့နဲ့ ထိမ်းမြားပေးစားတာမျိုး မလုပ်နဲ့။ ကိုယ့်သမီးတွေကို သူတို့သားတွေနဲ့ မပေးစားနဲ့။ သူတို့သမီးတွေကိုလည်း ကိုယ့်သားတွေနဲ့ မပေးစားနဲ့။+ ၄ ဘုရားသခင်ကို စွန့်ပစ်ပြီး တခြားဘုရားတွေကို ဝတ်ပြုအောင် ခင်ဗျားတို့ရဲ့ သားသမီးတွေကို သူတို့သွေးဆောင်လိမ့်မယ်။+ အဲဒီအခါ ခင်ဗျားတို့ကို ယေဟောဝါ အမျက်ထွက်ပြီး ချက်ချင်း ဖျက်ဆီးလိမ့်မယ်။+
-
-
ယောရှု ၂၃:၁၂၊ ၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ “ဘုရားသခင်ကို ကျောခိုင်းမယ်၊ ကျန်နေသေးတဲ့ လူမျိုးတွေကို+ တွယ်တာနေမယ်၊ သူတို့နဲ့ ထိမ်းမြားပေးစားမယ်၊+ မိတ်ဖွဲ့ပေါင်းသင်းမယ်ဆိုရင်တော့၊ ၁၃ အဲဒီလူမျိုးတွေကို ယေဟောဝါဘုရား ဆက်ပြီးမောင်းထုတ်ပေးမှာ မဟုတ်ဘူးဆိုတာ သိထားကြပါ။+ အဲဒီလူမျိုးတွေက ထောင်ချောက်လို၊ ကျော့ကွင်းလို၊ နံစောင်းကိုရိုက်တဲ့ ကျာပွတ်လို၊+ မျက်စိကိုစူးတဲ့ ဆူးတွေလို ဖြစ်လာမယ်။ ဒီလိုနဲ့ ခင်ဗျားတို့ဟာ ယေဟောဝါဘုရားပေးတဲ့ ဒီသာယာလှပတဲ့ ပြည်မှာ လုံးဝပျက်စီးသွားမယ်။
-
-
တရားသူကြီး ၂:၂၊ ၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ မင်းတို့လည်း ဒီပြည်သားတွေနဲ့ မိတ်မဖွဲ့ရဘူး။+ သူတို့ရဲ့ယဇ်ပလ္လင်တွေကို ဖြိုဖျက်ရမယ်’+ လို့ ငါမိန့်မှာခဲ့တယ်။ ဒါပေမဲ့ မင်းတို့ မနာခံကြဘူး။+ ဘာလို့ မနာခံကြတာလဲ။ ၃ ဒါကြောင့် ငါပြောမယ်– ‘သူတို့ကို မင်းတို့ရှေ့ကနေ ငါ မမောင်းထုတ်တော့ဘူး။+ သူတို့ဟာ မင်းတို့အတွက် ထောင်ချောက်ဖြစ်လိမ့်မယ်။+ သူတို့ရဲ့ဘုရားတွေကလည်း မင်းတို့ကို သွေးဆောင်လိမ့်မယ်’”+ ဆိုပြီးပြောတယ်။
-