-
တောလည်ရာ ၂၇:၁-၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၇ ယောသပ်သား မနာရှေရဲ့မိသားစုတွေထဲမှာ ဇလောဖဒ်+ လို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်။ သူ့အဖေက ဟေဖာ၊ ဟေဖာရဲ့အဖေက ဂိလဒ်၊ ဂိလဒ်ရဲ့အဖေက မာခိရ၊ မာခိရရဲ့အဖေက မနာရှေဖြစ်တယ်။ ဇလောဖဒ်ရဲ့သမီး မာလာ၊ နောဧ၊ ဟောဂလာ၊ မိလခါ၊ တိရဇာတို့က၊ ၂ မောရှေ၊ ပုရောဟိတ်ဧလာဇာ၊ မျိုးနွယ်စု ခေါင်းဆောင်တွေနဲ့+ လူထုရှေ့၊ တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာ ရပ်ပြီး၊ ၃ “ကျွန်မတို့အဖေဟာ တောကန္တာရမှာ သေဆုံးခဲ့ပါပြီ။ ကောရနဲ့ အပေါင်းပါတွေလို ယေဟောဝါဘုရားကို ပုန်ကန်ခဲ့တာ မဟုတ်ပါဘူး။+ အဖေက သူ့အပြစ်နဲ့သူ သေရတာပါ။ သားတစ်ယောက်မှ မရှိပါဘူး။ ၄ သားမရှိတာနဲ့ပဲ အဖေ့နာမည်ဟာ မိသားစုထဲကနေ ပျောက်ပျက်သွားရမှာလား။ အဖေ့ရဲ့ ညီအစ်ကိုတွေနဲ့အတူ ကျွန်မတို့ကို အမွေပေးပါ” လို့ ပြောတော့၊ ၅ မောရှေကလည်း သူတို့ကိစ္စကို ယေဟောဝါဆီ တင်ပြပေးတယ်။+
၆ ယေဟောဝါက မောရှေကို ပြောတယ်– ၇ “ဇလောဖဒ်ရဲ့ သမီးတွေပြောတာ တရားနည်းလမ်းကျတယ်။ သူတို့ကို ဖခင်ရဲ့ အမွေမြေ လွှဲပေးလိုက်ပါ။ ဘကြီးဘထွေးနဲ့အတူ အမွေခံကြပါစေ။+
-