-
ထွက်မြောက်ရာ ၂၉:၂၇၊ ၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၇ ချီလွှဲရာအလှူဖြစ်တဲ့ ရင်ဒူးသား၊ မြင့်မြတ်ရာဝေစုဖြစ်တဲ့ ပေါင်သားကို ဆက်ကပ်ရမယ်။ အဲဒါတွေက အာရုန်နဲ့ သားတွေကို ပုရောဟိတ်ခန့်အပ်ချိန်မှာ ချီလွှဲတဲ့ သိုးထီးရဲ့အသားတုံးတွေပဲ။+ ၂၈ အဲဒီအသားတုံးတွေဟာ မြင့်မြတ်ရာဝေစုဖြစ်လို့ အာရုန်နဲ့ သားတွေအတွက် ပေးရမယ်။ ဒါဟာ အစ္စရေးတွေ အမြဲလိုက်နာရမယ့် စည်းမျဉ်းပဲ။+ ဒါတွေဟာ ယေဟောဝါအတွက် အစ္စရေးတွေပေးလှူတဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေထဲက မြင့်မြတ်တဲ့ဝေစုပဲ။+
-
-
တရားဟောရာ ၁၈:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ “လူတွေဆီကနေ ပုရောဟိတ်တွေ ရပိုင်ခွင့်ရှိတဲ့အရာတွေ ရှိတယ်။ နွားထီးတွေ၊ သိုးတွေ ပူဇော်တဲ့အခါ လက်ပြင်သား၊ မေးရိုးနဲ့ အစာအိမ်ကို ပုရောဟိတ်ကို ပေးရမယ်။
-
-
၁ ကောရိန္သု ၉:၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ အမှုတော်ကို ဆောင်ရွက်သူတွေဟာ ဗိမာန်တော်ကရတဲ့ အစာတွေကို သုံးဆောင်ခွင့်ရှိမှန်း၊ ပူဇော်ရာပလ္လင်မှာ အမြဲအမှုဆောင်ရသူတွေဟာ ပလ္လင်မှာ ပူဇော်ထားတာတွေကို ပါဝင်သုံးဆောင်ခွင့်ရှိမှန်း ခင်ဗျားတို့ မသိကြဘူးလား။+
-