-
တောလည်ရာ ၃:၂၅၊ ၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ တွေ့ဆုံရာတဲတော်မှာ+ ဂေရရှုန်ရဲ့သားမြေးတွေက+ တဲတော်နဲ့ တဲတော်ရဲ့အမိုးအကာတွေ၊+ တွေ့ဆုံရာတဲတော် ဝင်ပေါက်ရဲ့ လိုက်ကာ၊+ ၂၆ တဲတော်ဝင်းရဲ့ အကာ၊+ တဲတော်နဲ့ ပူဇော်ရာပလ္လင်ကို ကာရံထားတဲ့ တဲတော်ဝင်းရဲ့ဝင်ပေါက် လိုက်ကာ၊+ တဲတော်ကြိုးတွေကို ထိန်းသိမ်းစောင့်ရှောက်ရတယ်။ အဲဒါတွေနဲ့ဆိုင်တဲ့အလုပ်အားလုံးကို လုပ်ဆောင်ရတယ်။
-
-
တောလည်ရာ ၄:၂၄-၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ ဂေရရှုန်အမျိုးသားတွေ လုပ်ရမယ့်အလုပ်တွေ၊ သယ်ရမယ့်ပစ္စည်းတွေကတော့–+ ၂၅ တဲတော်ရဲ့ ရွက်ထည်၊+ တွေ့ဆုံရာတဲတော်ရဲ့ အမိုး၊ အဲဒီပေါ်က အမိုး၊ ဖျံသားရေအမိုး၊+ တဲတော်ဝင်ပေါက် လိုက်ကာ၊+ ၂၆ တဲတော်ဝင်းရဲ့အကာ၊+ တဲတော်နဲ့ပူဇော်ရာပလ္လင်ကို ကာရံထားတဲ့ တဲတော်ဝင်းရဲ့ ဝင်ပေါက်လိုက်ကာ၊+ တဲတော်ကြိုး၊ အသုံးအဆောင်ပစ္စည်းတွေပဲ။ ဒါဟာ သူတို့ရဲ့တာဝန်ဖြစ်တယ်။
-