-
တောလည်ရာ ၇:၁၃-၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ လှူဖွယ်ပစ္စည်းတွေထဲမှာ သန့်ရှင်းရာဌာနတော်ရဲ့ စံအလေးချိန်အတိုင်း+ ရှယ်ကယ်* ၁၃၀ လေးတဲ့ ငွေလင်ပန်းတစ်ချပ်နဲ့ ရှယ်ကယ် ၇၀ လေးတဲ့ ငွေဖလားတစ်လုံး ပါတယ်။ အဲဒါတွေထဲမှာ ကောက်နှံအလှူအတွက် ဆီလောင်းထားတဲ့ဂျုံနု အပြည့်ထည့်ပြီး ဆက်သတယ်။+ ၁၄ ဆယ်ရှယ်ကယ် လေးပြီး နံ့သာပေါင်း အပြည့် ထည့်ထားတဲ့ ရွှေခွက်တစ်ခွက်၊ ၁၅ မီးရှို့ရာအလှူအတွက် နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေးတစ်ကောင်၊+ ၁၆ အပြစ်ဖြေရာအလှူအတွက် ဆိတ်ကလေးတစ်ကောင်၊+ ၁၇ မိတ်သဟာယ ပူဇော်သက္ကာအတွက်+ နွားနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်၊ တစ်နှစ်သားအရွယ် သိုးထီးလေး ငါးကောင်ကိုလည်း ဆက်သတယ်။ ဒါတွေဟာ အမိနဒပ်သား နာရှုန်ရဲ့ လှူဖွယ်ပစ္စည်းတွေပဲ။+
-