-
ကမ္ဘာဦး ၄၆:၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ ညအခါ စိတ်အာရုံထဲမှာ ဘုရားသခင်က အစ္စရေးကို “ယာကုပ်၊ ယာကုပ်” လို့ခေါ်တော့ “ခင်ဗျာ” ဆိုပြီး ထူးတယ်။
-
-
ထွက်မြောက်ရာ ၂၄:၉-၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ မောရှေ၊ အာရုန်၊ နာဒပ်၊ အဘိဟုနဲ့ အစ္စရေးအကြီးအကဲ ၇၀ တို့ဟာ တောင်ပေါ် တက်သွားပြီး၊ ၁၀ အစ္စရေးတို့ရဲ့ဘုရားသခင်ကို ဖူးမြင်ကြတယ်။+ ဘုရားသခင်ရဲ့ ခြေဖဝါးအောက်မှာ ကောင်းကင်လို ပြာလဲ့နေတဲ့ နီလာကျောက်ပြား ခင်းထားသလို ဖြစ်နေတယ်။+ ၁၁ အဲဒီအစ္စရေးဂုဏ်သရေရှိသူတွေဟာ+ စစ်မှန်တဲ့ဘုရားသခင်နဲ့ဆိုင်တဲ့ စိတ်အာရုံကို မြင်ရတယ်။ အဲဒီနောက် စားသောက်ကြတယ်။ ဘုရားက သူတို့အပေါ် အန္တရာယ်မရောက်စေဘူး။
-