၁၁ ပသခါပွဲပြီးတဲ့ နောက်တစ်နေ့ကစပြီး အဲဒီပြည်ထွက်သီးနှံတွေကို စားသုံးကြတယ်။ တဆေးမဲ့မုန့်နဲ့+ ကောက်နှံလှော်ကိုလည်း စားကြတယ်။ ၁၂ ပြည်ထွက်သီးနှံတွေကို စားတဲ့ အဲဒီနေ့ကစပြီး မန္နမုန့် မရတော့ဘူး။ အစ္စရေးတွေစားဖို့ မန္နမုန့်တွေ နောက်ထပ်မကျတော့ဘူး။+ အဲဒီနှစ်ကစပြီး ခါနန်ပြည်ထွက် သီးနှံတွေကို စားသုံးကြတယ်။+