-
တရားဟောရာ ၁၈:၂၁၊ ၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ “ဒီစကားကို ယေဟောဝါ ပြောမပြော ဘယ်လိုသိနိုင်မလဲ” လို့ မင်းတို့ တွေးမိမှာပဲ။ ၂၂ ပရောဖက်က ယေဟောဝါရဲ့ နာမည်ကို သုံးပြီး ဟောတဲ့အခါ အဲဒီစကားမပြည့်စုံဘူး၊ တကယ်မဖြစ်လာဘူးဆိုရင် ယေဟောဝါပြောတာ မဟုတ်ဘူး။ အဲဒီပရောဖက်က အတင့်ရဲပြီး ဟောနေတာပဲ။ သူ့ကို မကြောက်ကြနဲ့’ လို့ပြောခဲ့တယ်။
-