-
ထွက်မြောက်ရာ ၂၉:၃၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၂ အာရုန်နဲ့ သားတွေက သိုးထီးရဲ့အသားနဲ့ တောင်းထဲကမုန့်ကို တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာ စားရမယ်။+
-
-
ဝတ်ပြုရာ ၆:၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ “‘ကောက်နှံအလှူနဲ့ဆိုင်တဲ့ ပညတ်ကတော့–+ အာရုန်ရဲ့သားတွေက ပူဇော်ရာပလ္လင်ရှေ့၊ ယေဟောဝါရှေ့မှာ ကောက်နှံအလှူကို ဆက်သရမယ်။
-
-
ဝတ်ပြုရာ ၁၀:၁၂၊ ၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ အဲဒီနောက် မောရှေက အာရုန်နဲ့ ကျန်တဲ့သား ဧလာဇာ၊ ဧသမာကို “ယေဟောဝါဘုရားအတွက် မီးရှို့ဆက်သတဲ့ အလှူတွေထဲက ကျန်တဲ့ကောက်နှံအလှူကို ယူ၊ တဆေးမဲ့မုန့် ဖုတ်ပြီး ပူဇော်ရာပလ္လင်အနားမှာ စားပါ။+ ဒါဟာ အသန့်ရှင်းဆုံးအရာပဲ။+ ၁၃ အဲဒါက ယေဟောဝါဘုရားအတွက် မီးရှို့ဆက်သတဲ့ အလှူတွေထဲက ခင်ဗျားနဲ့ ခင်ဗျားသားတွေရဲ့ ဝေစုဖြစ်လို့ သန့်ရှင်းရာဌာနတော်မှာပဲ စားရမယ်။+ ဒီလိုလုပ်ဖို့ ကျွန်တော့်ကို မိန့်မှာထားတယ်။
-