၂၆ “အဲဒီနောက် ကျွန်တော်က ကေဒမုတ်+ တောကန္တာရကနေ ဟေရှဘုန်ဘုရင် ရှိဟုန်ဆီ တမန်တွေ လွှတ်ပြီး၊ ၂၇ ‘မင်းကြီးရဲ့ပြည်ကို ဖြတ်သွားခွင့်ပြုပါ။ လမ်းမကြီးအတိုင်းပဲ တည့်တည့်သွားပါ့မယ်။+ ၂၈ အစားအစာကို ဝယ်စားပါ့မယ်။ ရေကိုလည်း ဝယ်သောက်ပါ့မယ်။ မင်းကြီးရဲ့ပြည်ကို ခြေကျင်ဖြတ်လျှောက်ခွင့်လေးပဲ ပေးပါ။