-
တရားဟောရာ ၂:၃၀-၃၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၀ ဒါပေမဲ့ ဟေရှဘုန်ဘုရင် ရှိဟုန်က ဖြတ်လျှောက်ခွင့် မပေးဘူး။ သူစိတ်သဘောထား တင်းမာပြီး ခေါင်းမာတာကို ယေဟောဝါဘုရား ခွင့်ပြုခဲ့တယ်။+ အခုလိုမျိုး သူ့ကို ခင်ဗျားတို့လက်ထဲ အပ်ဖို့ပဲ။+
၃၁ “အဲဒီနောက် ယေဟောဝါဘုရားက ‘အခု၊ ရှိဟုန်မင်းနဲ့ သူ့ရဲ့ပြည်ကို မင်းတို့လက်ထဲ ငါအပ်ပြီ။ သူ့ပြည်ကို တိုက်ခိုက်သိမ်းပိုက်ပါ’+ လို့ပြောတယ်။ ၃၂ ရှိဟုန်မင်းက ယာဟတ်မြို့မှာ+ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ စစ်သည်တွေနဲ့အတူ ချီတက်လာတဲ့အခါ၊ ၃၃ ယေဟောဝါဘုရားက သူ့ကို ကျွန်တော်တို့လက်ထဲ အပ်တဲ့အတွက် သူနဲ့သူ့သားတွေ၊ သူ့စစ်သည်တွေကို အနိုင်ရခဲ့တယ်။ ၃၄ သူ့ရဲ့မြို့တွေကို သိမ်းပိုက်ပြီး ဖျက်ဆီးတယ်။ ယောက်ျား၊ မိန်းမ၊ ကလေးတွေကို တစ်ယောက်မကျန် သတ်လိုက်တယ်။+ ၃၅ အဲဒီမြို့တွေထဲက တိုက်ရာပါဥစ္စာတွေနဲ့ တိရစ္ဆာန်တွေကိုပဲ သိမ်းယူခဲ့ကြတယ်။
-
-
တရားသူကြီး ၁၁:၁၉၊ ၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ “‘အဲဒီနောက် အစ္စရေးတွေက ဟေရှဘုန်မြို့မှာ နန်းစံတဲ့ အာမောရိဘုရင် ရှိဟုန်ဆီ တမန်တွေလွှတ်ပြီး “ကျွန်တော်တို့ရဲ့ပြည်ဆီ အရောက်သွားနိုင်ဖို့ မင်းကြီးရဲ့ပြည်ကို ဖြတ်ခွင့်ပြုပါ”+ လို့ ခွင့်တောင်းခဲ့တယ်။ ၂၀ ရှိဟုန်က အစ္စရေးတွေကို မယုံတော့ သူ့ပြည်ထဲ ဖြတ်ခွင့်မပေးဘူး။ သူ့လူတွေကို စုရုံး၊ ယာဟတ်မြို့မှာ စခန်းချပြီး အစ္စရေးတွေကို တိုက်ခိုက်ခဲ့တယ်။+
-