ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တောလည်ရာ ၁၆:၃၉၊ ၄၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၉ ပုရောဟိတ်ဧလာဇာလည်း မီးလောင်ပြီးသေသွားသူတွေရဲ့ ကြေးနီမီးခဲခွက်တွေကို ယူပြီး ပူဇော်ရာပလ္လင်ကို တစ်လွှာထပ်အုပ်ဖို့ ကြေးနီပြားတွေ လုပ်လိုက်တယ်။ ၄၀ မောရှေကတစ်ဆင့် ယေဟောဝါပြောခဲ့တဲ့အတိုင်း လုပ်တယ်။ ဒါဟာ အာရုန်ရဲ့သားမြေးမဟုတ်တဲ့ အခွင့်မရှိသူ* တစ်ယောက်မှ ယေဟောဝါရှေ့လာပြီး နံ့သာပေါင်းကို  မီးမရှို့စေဖို့၊+  ကောရနဲ့ အပေါင်းပါတွေလို မဖြစ်စေဖို့+ အစ္စရေးတွေအတွက် သတိပေးချက်ပဲ။

  • ၁ ရှမွေလ ၆:၁၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၉ ဗက်ရှေမက်မြို့သားတွေဟာ ယေဟောဝါရဲ့ သေတ္တာတော်ကို ကြည့်မိတဲ့အတွက် ဘုရားသခင် ဒဏ်ခတ်လိုက်တာ လူ ၅၀,၀၇၀ သေသွားတယ်။ လူအများကြီးကို ယေဟောဝါ ဒဏ်ခတ်လိုက်တဲ့အတွက် လူတွေ ငိုကြွေးကြတယ်။+

  • ၂ ရာဇဝင်ချုပ် ၂၆:၁၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ ဒါပေမဲ့ သြဇိဟာ အင်အားကြီးလာတာနဲ့အမျှ မောက်မာလာတဲ့အတွက် ပျက်စီးဖို့ အကြောင်းဖန်လာတယ်။ သူက ယေဟောဝါဘုရားကို သစ္စာဖောက်ပြီး နံ့သာပေါင်းပလ္လင်မှာ နံ့သာပေါင်းမီးရှို့ဖို့ ယေဟောဝါရဲ့ ဗိမာန်တော်ထဲ ဝင်သွားတယ်။+

  • ၂ ရာဇဝင်ချုပ် ၂၆:၁၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၈ သူတို့က သြဇိမင်းကို ထိပ်တိုက်ရင်ဆိုင်ပြီး “သြဇိမင်း၊ မင်းကြီးက ယေဟောဝါဘုရားဆီ နံ့သာပေါင်း မီးမရှို့သင့်ဘူး။+ သီးသန့်ဖယ်ထားတဲ့ အာရုန်ရဲ့သားမြေး ပုရောဟိတ်တွေပဲ နံ့သာပေါင်း မီးရှို့ခွင့်ရှိတာ။+ သန့်ရှင်းရာဌာနတော်ကနေ ထွက်သွားပါ။ အခုလို သစ္စာဖောက်ပြီး နံ့သာပေါင်း မီးရှို့တဲ့အတွက် မင်းကြီးကို ယေဟောဝါဘုရား ဂုဏ်တင်မှာ မဟုတ်ဘူး” လို့ တားကြတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ