-
တောလည်ရာ ၃၅:၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ သွားလာရလွယ်ကူတဲ့ မြို့တွေကို ခိုလှုံရာမြို့တွေအဖြစ် ရွေးချယ်ပါ။ မတော်တဆ လူသတ်မိသူက အဲဒီကို ထွက်ပြေးရမယ်။+
-
-
တောလည်ရာ ၃၅:၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ လူသတ်မိသူကို သွေးကြွေးဆပ်မယ့်သူရဲ့ လက်ကနေကယ်ပြီး သူထွက်ပြေးခိုလှုံခဲ့တဲ့ ခိုလှုံရာမြို့ဆီ ပြန်ပို့ပေးရမယ်။ သူက သန့်ရှင်းတဲ့ဆီနဲ့+ ဘိသိက်ပေးခံရတဲ့ ပုရောဟိတ်မင်း သေဆုံးချိန်အထိ အဲဒီမြို့မှာ နေထိုင်ရမယ်။
-
-
တရားဟောရာ ၁၉:၄၊ ၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ “လူသတ်မိရင် အသက်ချမ်းသာရဖို့ အဲဒီမြို့တွေဆီ ထွက်ပြေးနိုင်တဲ့ အခြေအနေတွေ ရှိတယ်– ကိုယ့်အမျိုးသားချင်းကို မုန်းလို့ မဟုတ်ဘဲ မတော်တဆ သတ်မိတယ်ဆိုရင်၊+ ၅ လူနှစ်ယောက် တောထဲ သစ်ခုတ်သွားတဲ့အခါ တစ်ယောက်က သစ်ခုတ်ဖို့ ပုဆိန်ကို လွှဲလိုက်တော့ ပုဆိန်ရိုး ကျွတ်ထွက်သွားလို့ သူ့အဖော်ကို ထိမှန်ပြီး သေသွားတယ်ဆိုရင် လူသတ်မိသူဟာ အသက်ချမ်းသာရဖို့ အဲဒီမြို့တစ်မြို့ဆီ ထွက်ပြေးရမယ်။+
-