-
ထွက်မြောက်ရာ ၂၀:၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ “တခြားသူအတွက် မဟုတ်မမှန် သက်သေမထွက်ဆိုနဲ့။+
-
-
တရားဟောရာ ၁၉:၁၆-၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ လူတစ်ယောက်က နောက်တစ်ယောက်ကို အပြစ်ကျူးလွန်တယ်ဆိုပြီး မလိုတမာစိတ်နဲ့ စွပ်စွဲတယ်၊ သက်သေထွက်ဆိုတယ်ဆိုရင်၊+ ၁၇ အငြင်းပွားနေတဲ့ သူတို့နှစ်ယောက်စလုံးက ယေဟောဝါရှေ့၊ တာဝန်ထမ်းဆောင်နေတဲ့ ပုရောဟိတ်တွေနဲ့ တရားသူကြီးတွေရှေ့ လာရမယ်။+ ၁၈ တရားသူကြီးတွေက အသေအချာ စုံစမ်းစစ်ဆေးရမယ်။+ သက်သေက မဟုတ်မမှန် ထွက်ဆိုတာ၊ မဟုတ်မမှန် စွပ်စွဲနေတာဆိုရင်၊ ၁၉ စွပ်စွဲခံရသူကို ခံစေချင်တဲ့ ပြစ်ဒဏ်အတိုင်း အဲဒီသက်သေကို ပြစ်ဒဏ်ပေးရမယ်။+ ဒီနည်းနဲ့ မကောင်းမှုကို ခင်ဗျားတို့ဆီကနေ ဖယ်ရှားရမယ်။+
-