-
နေဟမိ ၉:၁၀၊ ၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ ဖာရောနဲ့ မင်းမှုထမ်းတွေ၊ တိုင်းသူပြည်သားတွေက ကိုယ်တော့်လူမျိုးကို နှိပ်စက်မှန်း+ ကိုယ်တော်သိတဲ့အတွက် သူတို့ရှေ့မှာ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေ လုပ်ပြခဲ့တယ်။+ ဒီနည်းနဲ့ နာမတော်ကို ဒီနေ့အထိ ထင်ရှားစေခဲ့ပြီ။+ ၁၁ သူတို့ရှေ့မှာ ပင်လယ်ကို နှစ်ခြမ်းခွဲလိုက်တဲ့အတွက် ခြောက်သွေ့တဲ့မြေပေါ်မှာ သူတို့ ဖြတ်လျှောက်သွားကြတယ်။+ နောက်ကနေလိုက်လာတဲ့ ရန်သူတွေကိုတော့ ရေနက်ထဲ ပစ်ချခဲ့တယ်။ လှိုင်းထန်တဲ့ ပင်လယ်ထဲ ကျောက်တုံးကို ပစ်ချသလိုပါပဲ။+
-
-
ယေရမိ ၃၂:၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ ကိုယ်တော်ဟာ အီဂျစ်ပြည်မှာ ထူးဆန်းတဲ့အရာတွေ၊ အံ့ဖွယ်အမှုတွေ လုပ်ဆောင်ခဲ့တယ်။ အဲဒီအကြောင်းကို လူတွေ အခုထိ သိနေတုန်းပဲ။ အစ္စရေးပြည်မှာ၊ လူတွေအလယ်မှာ အခုလို နာမတော် ထင်ရှားစေခဲ့ပြီ။+
-