-
တရားဟောရာ ၂၈:၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ ခင်ဗျားတို့ လိုက်နာကျင့်ကြံဖို့ အခု ကျွန်တော်မှာကြားနေတဲ့ ယေဟောဝါဘုရားရဲ့ ပညတ်ချက်တွေကို အမြဲနာခံမယ်ဆိုရင် ယေဟောဝါက ခင်ဗျားတို့ကို အမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေမယ်။ အောက်ဆုံးမှာ မနေရဘဲ ထိပ်ဆုံးမှာ နေရမယ်။+
-
-
၁ ဘုရင်များ ၄:၂၄၊ ၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ ရှောလမုန်က မြစ်ကြီးရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ဒေသတစ်ခုလုံးကို အုပ်ချုပ်တယ်။+ တိဖသမြို့ကနေ ဂါဇာမြို့အထိ+ မြစ်ကြီးရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ဘုရင်အားလုံး ပါတယ်။ တိုင်းပြည်တစ်ဝန်းလုံးမှာ ငြိမ်သက်အေးချမ်းနေတယ်။+ ၂၅ ရှောလမုန်လက်ထက် တစ်လျှောက်လုံးမှာ ဒန်မြို့ကနေ ဗေရရှေဘမြို့အထိ ယုဒအမျိုးနဲ့ အစ္စရေးအမျိုးအားလုံး ကိုယ့်စပျစ်ပင်၊ ကိုယ့်သဖန်းပင်အောက်မှာ ဘေးကင်းလုံခြုံစွာ နေထိုင်ကြတယ်။
-