-
တရားဟောရာ ၁၂:၅-၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ နာမတော်တည်စေဖို့၊ ကိုယ်တိုင်စံမြန်းဖို့ အစ္စရေးနယ်မြေတွေထဲမှာ ယေဟောဝါဘုရား ရွေးချယ်တဲ့နေရာကို တွေ့အောင်သာ ရှာပြီး သွားကြပါ။+ ၆ မီးရှို့ရာအလှူတွေ၊+ ပူဇော်သက္ကာတွေ၊ ဆယ်ဖို့တစ်ဖို့တွေ၊+ လှူဖွယ်ပစ္စည်းတွေ၊+ သစ္စာကတိအလျောက်ပေးတဲ့ အလှူတွေ၊ စေတနာအလျောက်ပေးတဲ့ အလှူတွေ၊+ သိုးနွားတိရစ္ဆာန်ရဲ့ သားဦးတွေကို+ အဲဒီနေရာဆီ ယူသွားကြပါ။ ၇ ယေဟောဝါဘုရား ကောင်းချီးပေးနေတယ်ဆိုတော့ အိမ်သူအိမ်သားတွေနဲ့အတူ ယေဟောဝါဘုရားရှေ့ အဲဒီနေရာမှာ စားသောက်ပြီး+ ကိုယ်လုပ်ဆောင်ခဲ့ရာ၊ ပြီးမြောက်ခဲ့ရာတွေအတွက် ရွှင်လန်းကြပါ။+
-