-
တရားဟောရာ ၁၃:၁၂-၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ “ယေဟောဝါဘုရား ပေးထားတဲ့ မြို့မှာ ခင်ဗျားတို့ နေထိုင်တဲ့အခါ၊ ၁၃ ‘လူဖျင်းတွေက မြို့သားတွေကို ကိုယ်မသိတဲ့ “တခြားဘုရားတွေကို သွားဝတ်ပြုကြစို့” လို့ပြောပြီး လမ်းလွဲသွားအောင် လုပ်နေကြပြီ’ ဆိုတဲ့သတင်းကို ကြားရင်၊ ၁၄ ဒီကိစ္စကို စုံစမ်းရမယ်၊ သေသေချာချာ စစ်ဆေးမေးမြန်းရမယ်။+ ခင်ဗျားတို့ဆီမှာ ဒီရွံမုန်းစရာ လုပ်ရပ်ကို လုပ်နေတာ သေချာရင်၊ ၁၅ အဲဒီမြို့သူမြို့သားအားလုံးကို ဓားနဲ့ ဆက်ဆက် သတ်ရမယ်။+ အဲဒီမြို့နဲ့ မြို့ထဲမှာရှိသမျှကိုရော၊ တိရစ္ဆာန်တွေကိုရော အကုန်ဖျက်ဆီးရမယ်။+
-