-
တရားဟောရာ ၁၃:၁-၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ “ခင်ဗျားတို့ဆီမှာ ပရောဖက် ဒါမှမဟုတ် အိပ်မက်ဖတ်သူ တစ်ယောက်ယောက် ပေါ်လာပြီး လက္ခဏာတွေ၊ အတိတ်နိမိတ်တွေ ပေးလို့၊ ၂ အဲဒီလက္ခဏာတွေ၊ အတိတ်နိမိတ်တွေအတိုင်း တကယ်ဖြစ်လာတဲ့အခါ ‘တခြားဘုရားတွေနောက် လိုက်ပြီး ဝတ်ပြုကြစို့၊ အဲဒီဘုရားတွေအကြောင်း မင်းတို့ မသိဘူးမဟုတ်လား’ ဆိုပြီး ပြောလာရင်၊ ၃ အဲဒီပရောဖက် ဒါမှမဟုတ် အိပ်မက်ဖတ်သူရဲ့စကားကို နားမထောင်ပါနဲ့။+ ယေဟောဝါဘုရားကို ခင်ဗျားတို့ စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ ချစ်မချစ်သိချင်လို့+ ယေဟောဝါဘုရား စမ်းသပ်နေတာ။+ ၄ ယေဟောဝါဘုရားနောက်ကိုပဲ လိုက်ပါ။ ဘုရားကိုပဲ ကြောက်ရွံ့ပါ။ ပညတ်ချက်တွေကို လိုက်နာပါ။ ဘုရားရဲ့စကားကို နားထောင်ပါ။ ဘုရားကိုပဲ ဝတ်ပြုပါ။ ဘုရားကိုပဲ တွယ်တာနေကြပါ။+ ၅ ခင်ဗျားတို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့အရှင်၊ ကျွန်ခံရာပြည်ကနေ ရွေးယူလာတဲ့အရှင် ယေဟောဝါဘုရားကို ပုန်ကန်ဖို့ သွေးထိုးပေးပြီး ယေဟောဝါဘုရား လျှောက်ခိုင်းတဲ့ လမ်းစဉ်ကနေ လွဲသွားအောင်လုပ်တဲ့ အဲဒီပရောဖက်ကို ဒါမှမဟုတ် အိပ်မက်ဖတ်သူကို ကွပ်မျက်ရမယ်။+ ဒီနည်းနဲ့ ဆိုးယုတ်မှုကို ခင်ဗျားတို့ဆီကနေ ဖယ်ရှားပစ်ရမယ်။+
-
-
ယေရမိ ၂၈:၁၁-၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ ပြီးတော့ “‘လူမျိုးအားလုံးရဲ့ပခုံးပေါ် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ တင်ထားတဲ့ ထမ်းပိုးကို နှစ်နှစ်အတွင်း ငါ ဒီလိုချိုးမယ်’ လို့ယေဟောဝါ ပြောတယ်” ဆိုပြီး လူအများရှေ့မှာ ပြောတယ်။+ ဒါနဲ့ ပရောဖက်ယေရမိလည်း ထွက်သွားလိုက်တယ်။
၁၂ ပရောဖက်ယေရမိရဲ့ ပခုံးပေါ်က ထမ်းပိုးကို ပရောဖက်ဟာနနိ ချိုးပြီးတဲ့နောက် ယေရမိဆီ ယေဟောဝါရဲ့ စကားတော် ရောက်လာတယ်– ၁၃ “ဟာနနိဆီ သွားပြီး ပြောလိုက်– ‘“သစ်သားထမ်းပိုးကို မင်း ချိုးလိုက်ပေမဲ့+ သံထမ်းပိုး အစားဝင်လိမ့်မယ်” လို့ယေဟောဝါ ပြောတယ်။ ၁၄ “လူမျိုးအားလုံးရဲ့ ပခုံးပေါ်မှာ သံထမ်းပိုးကို ငါတင်မယ်။ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဆီမှာ သူတို့ ကျွန်ခံရလိမ့်မယ်။+ တောသားရဲတွေကိုတောင် သူ့ဆီ ငါအပ်မယ်”+ လို့ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။’”
၁၅ ဒါနဲ့ ပရောဖက်ယေရမိက “ဟာနနိ၊+ နားထောင်ပါဦး။ ယေဟောဝါဘုရား မစေလွှတ်ဘဲနဲ့ ခင်ဗျားက လိမ်ညာပြောပြီး ဒီလူတွေကို အယုံသွင်းနေတယ်။+ ၁၆ ဒါကြောင့် ‘မြေပေါ်ကနေ မင်းကို ဖယ်ရှားမယ်။ မင်းက ငါယေဟောဝါကို ပုန်ကန်အောင် အားပေးအားမြှောက် လုပ်တဲ့အတွက် ဒီနှစ်အတွင်းမှာ သေရလိမ့်မယ်’ လို့ ယေဟောဝါ ပြောတယ်။”+
၁၇ အဲဒီနှစ်၊ ခုနစ်လပိုင်းမှာပဲ ပရောဖက်ဟာနနိ သေဆုံးသွားတယ်။
-