ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၁၇:၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ ယေဟောဝါက “ဒီအကြောင်းကို အမှတ်တရဖြစ်အောင် မှတ်တမ်းတင်ထားပါ။ ‘အာမလက်လူတွေကို မြေကြီးပေါ်ကနေ ငါအစတုံးဖျက်ဆီးမယ်။ သူတို့ကို အမှတ်ရကြတော့မှာ မဟုတ်ဘူး’+ လို့ယောရှုကို ပြောလိုက်ပါ” ဆိုပြီး မောရှေကို ပြောတယ်။

  • ၁ ရှမွေလ ၁၄:၄၇၊ ၄၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၇ ရှောလုက အစ္စရေးပြည်မှာ ဘုရင့်အာဏာ  ခိုင်မြဲအောင် လုပ်တယ်။ ပတ်ဝန်းကျင် ရန်သူတွေဖြစ်တဲ့ မောဘ၊+ အမ္မုန်၊+ ဧဒုံ၊+ ဖိလိတိလူမျိုးတွေနဲ့+ ဇောဘဘုရင်တွေကို+ စစ်တိုက်တယ်။ တိုက်ပွဲတိုင်းမှာ အနိုင်ရခဲ့တယ်။ ၄၈ သူက ရွပ်ရွပ်ချွံချွံ တိုက်ခိုက်တယ်။ အာမလက်လူမျိုးကို နှိမ်နင်းပြီး+ အစ္စရေးတွေကို တိုက်ခိုက် လုယက်သူတွေလက်ကနေ ကယ်တင်ခဲ့တယ်။

  • ၁ ရှမွေလ ၁၅:၁-၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ ရှမွေလက ရှောလုကို “ယေဟောဝါဘုရားက မင်းကို အစ္စရေးတွေရဲ့ ဘုရင်အဖြစ် ဘိသိက်ပေးဖို့ ငါ့ကို စေလွှတ်ခဲ့တယ်။+ အခု ယေဟောဝါဘုရား ပြောမယ့်စကားကို နားထောင်ပါ။+ ၂ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက ‘အီဂျစ်ပြည်ကနေ အစ္စရေးတွေ ထွက်လာတဲ့အခါ အာမလက်လူမျိုးက လမ်းမှာ ဆန့်ကျင်တားဆီးခဲ့ကြတယ်။ ဒါကြောင့် သူတို့ရဲ့ လုပ်ရပ်အတွက် ငါပြစ်ဒဏ်ပေးမယ်။+ ၃ အခုသွားပြီး အာမလက်လူမျိုးကို တိုက်ခိုက်ပါ။+ သူတို့နဲ့သူတို့မှာ ရှိသမျှကို အကုန်ဖျက်ဆီးပါ။+ တစ်ယောက်ကိုမှ ချန်မထားနဲ့။+ ယောက်ျား၊ မိန်းမ၊ နို့စို့နို့ညှာ၊ သိုး၊ နွား၊ မြည်း၊ ကုလားအုတ်တွေပါမကျန် သတ်လိုက်ပါ’”+ လို့ပြောတယ်။

  • ၁ ရာဇဝင်ချုပ် ၄:၄၂၊ ၄၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၂ အိရှိရဲ့သားတွေဖြစ်တဲ့ ပေလတိ၊ နာရိ၊ ရေဖာယ၊ သြဇေလတို့က ရှိမောင်အမျိုးသား ၅၀၀ ကို ဦးဆောင်ပြီး စိရတောင်ကို သွားကြတယ်။+ ၄၃ သူတို့က  လွတ်မြောက်သွားတဲ့ အာမလက်လူမျိုး  အကြွင်းအကျန်ကို ချေမှုန်းပြီး+ အဲဒီမှာနေထိုင်ကြတာ အခုချိန်အထိပဲ။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ