-
တရားဟောရာ ၁၄:၂၈၊ ၂၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၈ “သုံးနှစ်စေ့တိုင်း အဲဒီနှစ်မှာ ထွက်သမျှထဲက ဆယ်ဖို့တစ်ဖို့အားလုံးကို ယူလာပြီး မြို့တွေထဲမှာ စုဆောင်းထားရမယ်။+ ၂၉ ဘာဝေစု၊ ဘာအမွေမှ မရတဲ့ လေဝိအနွယ်၊ ကိုယ့်မြို့မှာ နေထိုင်တဲ့ တိုင်းတစ်ပါးသား၊ မိဘမဲ့ကလေး၊ မုဆိုးမတွေက လာပြီး အဝစားကြလိမ့်မယ်။+ ဒါဆိုရင် ခင်ဗျားတို့ လုပ်သမျှကို ယေဟောဝါဘုရား ကောင်းချီးပေးလိမ့်မယ်။+
-
-
ပညာအလိမ္မာ ၁၄:၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ မိတ်ဆွေအပေါင်းအသင်းကို အထင်သေးတာဟာ အပြစ်ကျူးလွန်တာပဲ။
နိမ့်ကျသူကို သနားစာနာမှု ပြတဲ့သူကတော့ ပျော်ရွှင်ချမ်းမြေ့တယ်။+
-
-
၁ ယောဟန် ၃:၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ စည်းစိမ်ဥစ္စာ ချမ်းသာတဲ့သူတစ်ယောက်က ဆင်းရဲချို့ငဲ့နေတဲ့ ညီအစ်ကိုကို မြင်လျက်နဲ့ မသနားဘူးဆိုရင် သူဟာ ဘုရားသခင်ကို ချစ်တဲ့သူလို့ ပြောလို့ရပါ့မလား။+
-